Wednesday, January 26, 2011

ဟိုးရှေးရှေးတုန်းက လူဘီလူးကြီးတွေ ပုံများ( ပုံကတော့အကြီးကြီးပဲ)





သူငယ်ချင်းတို့ ရေ ယခုဆို ကမ္ဘာ ကြီးက တိုးတတ်ပြောင်းလဲလာတဲ့ နဲ့ အမျှ ပြောင်းလဲမှုတွေနဲ့ 
အတူ ရှာတွေ့ ရှိမှု အသစ်တွေ ဟာလည်း နေ့ စဉ်ပေါ်ပေါက် လာမြဲပါ
အခုကျွှန်တော် ဖော်ပြတဲ့ ပုံလေးတွေ ကိုကြည့်ကြည့်နော် ရှေးခေတ်က လူတွေ ဘယ်လောက် များ
အရှည် သလည်း ခန္ဒာ ကိုယ်ကြီးထွားလည်း ဆိုတာ ကိုပေါ့....

ကယ်တာရာ ပေါက်ကွဲမှုတစ်ခုကြောင့် ကမ္ဘာကြီးသည် ရက်သတ္တပတ် အနည်းငယ်ခန့် နေ့ချည်းသက်သက် ဖြစ်ပေါ်နေရန် အချိန်နီးကပ်လာပြီဟု သြစတြေးလျ ပညာရှင်များ ပြောကြား

ကြယ်တာရာ ပေါက်ကွဲမှုတစ်ခုကြောင့် ကမ္ဘာကြီးသည် ရက်သတ္တပတ် အနည်းငယ်ခန့် နေ့ချည်းသက်သက် ဖြစ်ပေါ်နေရန် အချိန်နီးကပ်လာပြီဟု သြစတြေးလျ ပညာရှင်များ ပြောကြား
January 26, 2011 ရက် ၊ 9:01pm တွင် clementzaw ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
စာပို့ရန် clementzaw's ရေးသားသောဘလော့အားလုံးကြည့်ရန်
ကြယ်တာရာ ပေါက်ကွဲမှုတစ်ခုကြောင့် ကမ္ဘာကြီးသည် ရက်သတ္တပတ် အနည်းငယ်ခန့် နေ့ချည်းသက်သက် ဖြစ်ပေါ်နေရန် အချိန်နီးကပ်လာပြီဟု သြစတြေးလျ ပညာရှင်များ ပြောကြား

တူးဝန်းဘား ၊ ဇန်န၀ါရီ ၂၂

ကမ္ဘာ့နက္ခတ်တာရာ ပညာရှင်များသည် သမိုင်းတင်ပြီးခေတ် နောက်ပိုင်း ယနေ့ ၂၁ ရာစုအတွင်း အာကာသဆိုင်ရာ အထူးခြား ဆန်းကြယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကမ္ဘာကြီးအတွက် ဒုတိယမြောက် နေလုံးတစ်ခု ပေါ်လာပြီး နေ့ညကွဲပြားခြင်း ခေတ္တရပ်ဆိုင်းသွားနိုင်သည် ဆိုသော သတင်းကို သြစတြေးလျ သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က တင်ပြခဲ့သည်။

၎င်းတို့၏ စောင့်ကြည့်လေ့လာချက်များအရ ကမ္ဘာ့ကောင်းကင်မှ မြင်ရသော ကြယ်ကြီးများထဲတွင် အဌမအကြီးဆုံး အနီရောင် ကြယ်ကြီး ဖြစ်သည့် Betelgeuse သည် ဆက်လက်တည်ရှိနိုင်ရန် စွမ်းအင် မကြာမီ ရက်သတ္တပတ် အနည်းငယ်အတွင်း ကုန်ဆုံးတော့မည် ဖြစ်ပြီး ယင်းကဲ့သို့ စွမ်းအင်များ ကုန်ဆုံးသွားချိန်တွင် ဆူပါနိုဗာ (Supernova) ခေါ် ကြယ်တာရာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားမည် ဖြစ်သည်။

ထိုသို့ ဆူပါနိုဗာ ပေါက်ကွဲသော အခါ နဂါးငွေ့တန်းတစ်ခုစာ အကျယ်အ၀န်းအထိ တောက်ပသော အလင်းတန်းများ ဖြာထွက်လာမည် ဖြစ်ပြီး ကမ္ဘာမြေသည် ၄င်းဖြစ်စဉ်မှ အလင်းရောင်များ ရရှိနေမည် ဖြစ်သောကြောင့် နေ့နှင့်ည လည်ပတ်မှု ဖြစ်စဉ် ယာယီ ပြောင်းလဲကာ နေ့အဖြစ် ဖြင့်သာ ရက်သတ္တပတ် အနည်းငယ်ခန့် တည်ရှိနေမည်ဟု ပညာရှင်များ ခန့်မှန်းထားကြသည်။ ထိုအချိန်တွင် အဆိုပါ အလင်းတန်းများ ထွက်ပေါ်နေသော ကြယ်စုကြီးသည် ကမ္ဘာမြေပြင်ပေါ်မှ ကြည့်လျှင် ဒုတိယ နေတစ်လုံးကဲ့သို့ မိုးကုတ်စက်ဝိုင်းတွင် မြင်တွေ့ရဖွယ် ရှိသည်ဟု ကြားသိရသည်။


မကြာမီ ကြယ်တာရာ ပေါက်ကွဲမှုကြီး ဖြစ်တော့မည်ဟု ပညာရှင်အချို့က ပြောဆိုနေကြသော Betelgeuse ကြယ်ကြီး

ဤကဲ့သို့ ကမ္ဘာကြီးသည် နေနှစ်လုံးမှ အပြိုင် အလင်းများ ရရှိနေခြင်းသည် နှစ်သန်းပေါင်းများစွာ တွင်မှ တစ်ကြိမ် ကြုံတွေ့နိုင်သည့် အခွင့်အရေး ဖြစ်ပြီး အစက နှစ်ပေါင်းများစွာ လိုသေးသည်ဟု တွက်ဆခဲ့ကြသော်လည်း ယခုဆိုလျှင် ဤသို့ဖြစ်ရန် အချိန် လွန်စွာ နီးကပ်နေပြီဟု နက္ခတ်ပညာရှင်များက ခန့်မှန်းကြသည်။

“အခုဆိုရင် ဒီကြယ်အိုကြီးဟာ သူ့ရဲ့ အလယ်ဗဟိုမှာ မီးစာကုန် ဆီခန်း ဖြစ်နေ ပါပြီ။ သူ့ကို ထောက်ပံ့ပေးထားတဲ့ လောင်စာ စွမ်းအင်တွေ ကုန်သွားရင် အလွန်လျင်မြန်စွာ ပြိုပျက်သွားမှာ ဖြစ်ပါတယ်” ဟု သြစတြေးလျနိုင်ငံရှိ ကွင်းစ်လန်းတောင်ပိုင်း တက္ကသိုလ်မှ ပညာရှင် ဘရက် ကာတာမှ အဆိုပါ သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားခဲ့သည်။

၎င်းက ခန့်မှန်း တွက်ချက်ရာတွင် ထိုဖြစ်ရပ်သည် ၂၀၁၁-၂၀၁၂ ခုနှစ်များအတွင်း ဖြစ်နိုင်ကြောင်း၊ နေ့ညမကွဲပြားဘဲ နေ့အသွင်ဖြင့် တည်ရှိနေခြင်းသည် အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း ပြောပြခဲ့သည်။

၎င်း Betelgeuse ကြယ်နီကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် ၆၄၀ အကွာအဝေးတွင် တည်ရှိသော Orion ကြယ်စုတွင် ပါဝင်ပြီး ကမ္ဘာမှ သာမန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်သလို လာမည့် ကြယ်တာရာ ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း နေကာမျက်မှန်များ အသုံးပြု၍ ကြည့်ရှုရန် မလိုကြောင်း၊ မကြာမီ အချိန်ကာလ အတွင်း၌ ကမ္ဘာသူကမ္ဘာသား တို့သည် ကမ္ဘာ့နက္ခတ်တာရာ နှင့် အာကာသဆိုင်ရာ သမိုင်းတွင် နှစ်သန်းပေါင်းများစွာမှသာ တစ်ကြိမ် ကြုံတွေ့ရနိုင်သော ဆူပါနိုဗာ တစ်ခုမှ အလင်းကြောင့် ညမရှိတော့ဘဲ ရက်သတ္တပတ် အတန်ကြာ နေ့အဖြစ်သာ တည်ရှိနေခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့ရဖွယ် ရှိကြောင်း အဆိုပါ သတင်းများအရ သိရှိရသည်။

ဘရက်ကာတာက အထက်ပါအတိုင်း ပြောဆိုသော်လည်း အမေရိကန် နိုင်ငံမှ ပညာရှင်များက အဆိုပါ ကိစ္စသည် တွေးထင်မှန်းဆချက်သာ ဖြစ်ကြောင်း၊ အဆိုပါ ကြယ်ကြီးသည် စွမ်းအင်ကုန်လုနီးပါး ဖြစ်သည်ဟု တွေ့ရှိရသော်လည်း ကြယ်တာရာ ပေါက်ကွဲမှု ဆူပါနိုဗာ တစ်ခု ဖြစ်မည့် အချိန်ကို လက်ရှိ ကမ္ဘာ့နောက်ဆုံးပေါ် တယ်လီစကုပ်နှင့် ကွန်ပျူတာများကပါ အတိအကျ စစ်ဆေး တွက်ချက် ဖော်ပြနိုင်ခြင်း မရှိသေးသလို ၄င်းစကြ၀ဠာဆိုင်ရာ ဖြစ်စဉ်များသည် တိကျစွာ ကြိုတင်မှန်းဆနိုင်ရန် မည်သည့် ပညာရှင်မျိုးကမျှ မစွမ်းနိုင်သေးကြောင်း၊ ထို့ကြောင့် မကြာခင် ကမ္ဘာကြီးတွင် နေနှစ်စင်း ပေါ်လာတော့မည် ဆိုသော သတင်းများအတွက် ထိုသို့ ဖြစ်ရန် အချိန်နီးကပ်နေပြီး အနီးစပ်ဆုံး ဖြစ်နိုင်သော အချိန်မှာ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်သည် ဆိုသော အချက်မျှ လွဲ၍ မည်သို့မျှ မပြောနိုင်ပါကြောင်း ဇန်န၀ါရီလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်က www.thenewamerican.com သတင်းဝက်ဘ်ဆိုက်တွင် တုန့်ပြန်ရေးသား အသိပေးခဲ့သည်။

ထို့အပြင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသည် ကမ္ဘာမှ အလွန်အမင်း ကွာဝေးသော နေရာတွင် တည်ရှိသောကြောင့် အလင်းရောင်များ ကမ္ဘာပေါ်သို့ ရောက်ရှိလာမည်မှ လွဲ၍ ဆိုးရွားသော ထိခိုက်မှု မရှိနိုင်ကြောင်း၊ ခရစ်ယာန် သမ္မာကျမ်းစာပါ ကမ္ဘာလောက၏ တရားစီရင်ရာ နောက်ဆုံးနေ့ရက် (Doomsday) ကဲ့သို့ ကမ္ဘာကြီး နိဂုံးချုပ် ပျက်စီးသွားမည့် နေ့ရက် မဖြစ်နိုင်သေးပါကြောင်း၊ အခြားသော ဘာသာအယူဝါဒ အချို့ကဲ့သို့လည်း နဂိုရှိရင်းစွဲထက် နေများ ထွက်ပေါ်လာကာ ကမ္ဘာကြီး ပူပြင်းလောင်ကျွမ်း ပျက်သုဉ်းသွားမည် ဆိုသော အတွေးများဖြင့်လည်း စိုးရိမ်ပူပန်ကြခြင်း မဖြစ်စေလိုကြောင်း ပညာရှင်များက အလေးအနက်ထား ထုတ်ဖော်ပြောကြားခဲ့သည်။

အကယ်၍သာ မကြာမီ နှစ်လရက်များအတွင်း ထိုသို့ ဖြစ်လာခဲ့ပါက သမိုင်းတင်ပြီး ခေတ်နောက်ပိုင်း၌ အထူးခြား အဆန်းပြားဆုံး ဖြစ်သည့် ရက်သတ္တပတ် အနည်းငယ်ခန့် နေ့ချည်းသက်သက်သာ ရှိခြင်းကို ကျွန်တော်တို့ခေတ် လူသားများ တွေ့ကြုံ မှတ်တမ်းတင်ခွင့် ရရှိဖွယ် ရှိသည်ဟု တင်ပြလိုက်ရပါသည်။


Ref: AOL , Daily Mail, The New American



Translated by : ရဲဘုန်းမင်း Last Updated at 2011-01-26 on 01:25

Monday, January 24, 2011

Internet Download Manager 6.04 Final Full - Myanmar IT Development

Internet Download Manager 6.04 Final Full - Myanmar IT Development

DVB-NZN-2

ရည်ရွယ်ချက်မမှန်တဲ့ စီးပွားရေး လုပ်ငန်း နဲ့ ဘုန်းကြီးတို့သင်တန်း ဖျက်သိမ်းပြီ

ရည်ရွယ်ချက်မမှန်တဲ့ စီးပွားရေး လုပ်ငန်း နဲ့ ဘုန်းကြီးတို့သင်တန်း ဖျက်သိမ်းပြီ


ယခုတလော No.1 သင်တန်းနှင့်ပတ်သက်ပြီး လူပြောများသဖြင့် ကျွန်မ တင်လိုက်ရတာပါ။ ကျွန်မ ဘလော့လည်း တစ်ခါမှ မရေးဘူးလို့ အမှားပါရင် ခွင့်လွှတ်ပါ။
(မှတ်ချက်။ ကျွန်မ တမင်သက်သက် စော်ကားခြင်းမျိုးမဟုတ်ဘဲ။ ကျွန်မသိတဲ့ အမြင်ကိုသာ တင်ပြခြင်းဖြစ်ပါတယ်။)

ကျွန်မ အဲဒီဘုန်းကြီးကို ကောင်းကောင်းသိပါတယ်။ အဲဒီဘုန်းကြီးက စီးပွားရေးသမားပါ။ ကျွန်မ ကွန်ပျူတာဆိုင်မှာ အလုပ်လုပ်တုန်းက သူစာတွေလာလာရိုက်တယ်။ ဆေးကြော်ငြာတွေလေ။ သူတို့ဆေးတွေက တဆင့်တဆင့် ထပ်ဖြန့်။ member တွေ တိုးလာရင် ပိုက်ဆံပိုရလာတဲ့ ဆေးကုမဏီလေ။ အခုတော့ မရှိတော့ဘူး။ ဖျက်သိမ်းသွားပြီ။ ဘုန်းကြီးဖြစ်ပြီး

ဆေးရောင်းစားနေတာ၊ ကျွန်မတို့ကိုတောင် လာဆွယ်သေးတယ်။ ကျွန်မက ဘုန်းကြီးဖြစ်ပြီး အဲဒီလိုလုပ်နေတာ သဘောမကျလို့ သိပ်တောင်စကားမပြောချင်ဘူး။ အဲဒီဘုန်းကြီးက ထိုင်းကိုလည်း ခဏခဏသွားတယ်။ ဘာတွေလုပ်လဲတော့ မသိဘူး။ သူပြောတော့ ဆေးသွားသွားရောင်းတာလို့ပြောတယ်။ အခုတော့ စီးပွားရေးဈေးကွက်တမျိုးပြောင်းသွားပြီပေါ့

အသိဥာဏ် + ကိုယ်ကျင့်တရား

အသိဥာဏ် + ကိုယ်ကျင့်တရား

တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော

လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း

မေးမြန်းသူက လူငယ်အား....

“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။

လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို

ပြောပြသွားခဲ့သည်။



“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကို

သွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကို

ရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ

၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲ

လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့

လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင်

မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက်

ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ် မ၀ယ်ဘဲ စီးခဲ့တယ်။

ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့

ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။



အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး

တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့

ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့

နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှု

အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။



အလုပ် စလျောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာ အားရကြိုဆိုပြီး

အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။

ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး

ကုမ္ပဏီ တစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို

မေးခဲ့တယ်။



ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့

ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့

ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့

ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက်

ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာ

သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....

(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ

(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ

အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း

ဖြစ်ပါတယ်။



အဲဒီ စာကို ဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ

တုန်လှုပ်ချောက်ချား မိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို

ရေးထားသေးတယ်....

“အသိဥာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက်

ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဥာဏ်က

ဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး။”

အဲဒီ အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။

ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ....



လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....

“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား”

“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ

ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့က

အမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”

အသိဥာဏ် + ကိုယ်ကျင့်တရား

အသိဥာဏ် + ကိုယ်ကျင့်တရား

တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော

လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း

မေးမြန်းသူက လူငယ်အား....

“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။

လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို

ပြောပြသွားခဲ့သည်။



“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကို

သွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကို

ရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ

၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲ

လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့

လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင်

မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက်

ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ် မ၀ယ်ဘဲ စီးခဲ့တယ်။

ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့

ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။



အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး

တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့

ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့

နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှု

အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။



အလုပ် စလျောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာ အားရကြိုဆိုပြီး

အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။

ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး

ကုမ္ပဏီ တစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို

မေးခဲ့တယ်။



ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့

ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့

ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့

ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက်

ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာ

သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....

(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ

(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ

အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း

ဖြစ်ပါတယ်။



အဲဒီ စာကို ဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ

တုန်လှုပ်ချောက်ချား မိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို

ရေးထားသေးတယ်....

“အသိဥာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက်

ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဥာဏ်က

ဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး။”

အဲဒီ အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။

ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ....



လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....

“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား”

“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ

ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့က

အမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”

တရုတ်နိုင်ငံတွင် ဒိုင်နိုဆောငှက်ရုပ်ကြွင်းတွေ့ရှိ “လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၁၆၀)လောက်က ရုပ်ကြွင်းဖြစ်နိုင်ပါတယ်။ တော်တော်လေး စုံစုံလင်လင်ရှိနေသေးတဲ့ ရုပ်ကြွင်းကို မြင်ရတာ မယုံနိုင်စရာပါပဲ


တရုတ်နိုင်ငံတွင် ဒိုင်နိုဆောငှက်ရုပ်ကြွင်းတွေ့ရှိ “လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၁၆၀)လောက်က ရုပ်ကြွင်းဖြစ်နိုင်ပါတယ်။ တော်တော်လေး စုံစုံလင်လင်ရှိနေသေးတဲ့ ရုပ်ကြွင်းကို မြင်ရတာ မယုံနိုင်စရာပါပဲ
တရုတ်နိုင်ငံတွင် လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက နေထိုင်ကျက်စားခဲ့သည့် တယ်ရိုဆော (ဒိုင်နိုဆောငှက်) အမတစ်ကောင်၏ ရုပ်ကြွင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ဥများကိုပါ တွေ့ရှိခဲ့ခြင်းကြောင့် ယင်းသတ္တ၀ါ၏ လိင်ကို ပထမဆုံးအကြိမ် ကွဲကွဲပြားပြား ခွဲခြားသိရှိလာကြောင်း Scienceမဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ဗြိတိန်နိုင်ငံ လီဆက်စတာ တက္ကသိုလ်ရှိ ပြတိုက်လေ့လာရေးဌာနမှ ပညာရှင် တစ်ဦးဖြစ်သူ ဒေးဗစ်အန်ဝင်က “လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၁၆၀)လောက်က ရုပ်ကြွင်းဖြစ်နိုင်ပါတယ်။ တော်တော်လေး စုံစုံလင်လင်ရှိနေသေးတဲ့ ရုပ်ကြွင်းကို မြင်ရတာ မယုံနိုင်စရာပါပဲ”ဟု ပြောကြားခဲ့သည်။
၎င်းသည် ရုပ်ကြွင်းကို တွေ့ရှိခဲ့သည့် သုတေသီအဖွဲ့များအနက်မှ တစ်ဦးဖြစ်သည်။ တယ်ရိုဆောများသည် ကမ္ဘာဦးကာလများကို ပိုင်းခြားသတ်မှတ်ထားသည့်အနက် လွန်ခဲ့သော နှစ်ပေါင်းသန်း(၂၂၀)မှ (၆၅)သန်းကြားထိ ကြာမြင့်ခဲ့သည့် မီဆိုဇိုးဝစ်ယုဂ်တွင် ရှင်သန်ခဲ့ကြသည်။ ၎င်းတို့သည် တွားသွားသတ္တ၀ါများသာ ဖြစ်သော်လည်း ခြေနှင့်လက်ကြား ပါးလွှာကျယ်ပြန့်သော အရေပြားချပ်များကို အသုံးပြုပြီး လေထဲတွင် လေဟုန်စီး ပျံဝဲနိုင်ကြသည်။ ယခုတယ်ရိုဆောသည် ယခင်က တွေ့ရှိဖူးသော ရုပ်ကြွင်းများထက် ခါးရိုးခွေပိုမိုကြီးမားရာ အမများသည် ယင်းကဲ့သို့ လက္ခဏာမျိုး ရှိနေသည်ဟု ယူဆရကြောင်း အန်ဝင်က ရှင်းပြခဲ့သည်။ “ခုဆိုရင် တော်တော်လေး ကွဲပြားလာပါပြီ။ တယ်ရိုဆော အထီးတွေက ပိုကြီးတဲ့ အမောက်တွေရှိပြီး တင်ပါးကတော့ သေးပါတယ်။ အမတွေကတော့ အမောက်မပါဘဲ ခါးရိုးက ပိုပြီးကြီးမားပါတယ်”ဟု ၎င်းက ရှင်းပြသွားသည်

ဦးပိုင်က ကျင်းပတဲ့ ကားပြပွဲမှာ ကားတွေထက် မလုံ့တလုံ မော်ဒယ်လ်ဂဲလ်တွေကို လူပိုစိတ်ဝင်စား






ဦးပိုင်က ကျင်းပတဲ့ ကားပြပွဲမှာ ကားတွေထက် မလုံ့တလုံ မော်ဒယ်လ်ဂဲလ်တွေကို လူပိုစိတ်ဝင်စား

ဤကဲ့သို့ လုံခြုံစွာ ဝတ်စားထားသဖြင့် ဦးပိုင် ကားပြပွဲကို အမျိုးသား ပရိသတ်များ အားမရကြပေ (ဓာတ်ပုံ - ဧရာဝတီ)

စီးပွားရေးဦးပိုင် ကုမ္ပဏီ လက်အောက်ခံ စက်မှုဇုန်ထုတ် ရမ္မာ ကားပြပွဲမှာ ကားတွေထက် ကားဘေးက လူတွေက ပိုစိတ်ဝင်စားစရာ ကောင်းတယ်လို့ သိရပါတယ်။

အဲဒီကားပြပွဲကတော့ ရန်ကုန် တပ်မတော်ခန်းမမှာ ဇန်နဝါရီ ၂၁ ရက်ကနေ ၂၄ ရက်နေ့အထိ ကျင်းပတာဖြစ်ပါတယ်။

အဲဒီပြပွဲမှာ ကားတစီးကို မော်ဒယ်လ် တဦးနှုန်းနဲ့ ပြထားပြီး ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ဖော်ပြထားတဲ့အတွက် ကားတွေထက် လူတွေကိုပို စိတ်ဝင်စားတာပါလို့ ကားပွဲစားတဦးက ပြောပါတယ်။

စစ်အစိုးရက ပြဋ္ဌာန်းထားတဲ့ ဦးတည်ချက်တွေအနက် လူမှုရေးဦးတည်ချက် အဖြစ် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်၊ အမျိုးသားရေး လက္ခဏာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ အခုလို ကားပြပွဲက မော်ဒယ်လ်တွေကို ဦးပိုင်က စစ်ဗိုလ်ချုပ်တွေကိုတိုင်က Sexy ဖြစ်အောင် ဝတ်စားဆင်ရင်ရမယ်ဆိုပြီး ညွှန်ကြားတယ်လို့ သိရပါတယ်။

စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ ဗိုလ်ချုပ်တင်ငွေနဲ့ ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းတို့ ၂ ဦး
ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကို လာရောက် ကြည့်ရှုစစ်ဆေးတဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့ မနက်ပိုင်းတွင်မှာ အဲဒီလို မလုံ့တလုံဝတ်
မော်ဒယ်လ်ဂဲလ် လေးတွေကို မတွေ့ရသေးပါဘူးတဲ့။

သူတို့ ပြန်သွားတော့မှ အဲဒီကောင်မလေးတွေကို ပွဲထုတ်တာ ဖြစ်တဲ့အတွက် ဒီလို မော်ဒယ်လ်ဂဲလ်လေးတွေကို အဲဒီ ဗိုလ်ချုပ်ကြီး တွေက မမြင်ရဲလို့လား၊ မြင်ရင် စိတ်မထိမ်းနိုင် ဖြစ်မှာစိုးလို့လား၊ ဒါမှမဟုတ် သူတို့ မိန်းမတွေကပဲ ခွင့်မပြုလို့လား၊ သူတို့က ဒီထက် ဖော်တာတွေကို မြင်ဖူးနေကြမို့လို့ ပြည်သူလူထု ကြည့်ပါစေဆိုတဲ့ စေတနာနဲ့ သူတို့ပြန်သွားမှ ပွဲထုတ်ခိုင်းတာလား ဆိုတာကို ရန်ကုန်သား တာတေက မေးခွန်းထုတ်နေပါတယ်။

“ဘာပဲ ဖြစ်ဖြစ်ပေါ့နော်၊ သူတို့တွေ ပြန်သွားမှ ထုတ်သည်ဖြစ်စေ၊ မပြန်ခင် ထုတ်သည်ဖြစ်စေ တာတေတို့ကတော့ သဘောကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ပေါ့နော်၊ ကိုတာတေတို့လို ကားမပြောနဲ့ ဆိုက်ကားတောင် အုံနာကြေးမှန်မှန်မပေးနိုင်တဲ့ သူတွေအဖို့ကတော့ အခုလို မြင်ရတာ အရမ်းအရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်လည်း ဒီထက်ပိုဖော်ပေးပါလို့ စစ်ဗိုလ်ချုပ်ကြီးတွေကို အကြံပြုပါတယ်” လို့ ကိုတာတေက ဘယ်သူမှ မမေးဘဲ သူ့ဘာသာ ပြောပါတယ်။

ကားပြပွဲလာကြည့်တဲ့ အမျိုးသမီးပရိသတ်ကတော့ ဒီလို ဖော်တာမျိုးကို သဘောမကျဘူးလို့ ဆိုပါတယ်။ အမျိုးသားတွေကတော့ အတိုင်းထက် အလွန် သဘောကျပေမယ့် သိပ်တော့ အားမရဘူးလို့ သိရပါတယ်။

ရမ္မာကားပြပွဲမှာ ကားအမျိုးအစား ၃ မျိုးကို ပြသထားပြီး ရမ္မာ Grade I ကားအမျိုးအစားကတော့ ကျပ် သိန်း ၅၅၀၊ Grade II ကားဆိုရင် ကျပ်သိန်း ၅၀၀၊ Grade III ကားဆိုလျှင် သိန်း ၄၅၀ နဲ့ ရောင်းချပေမယ့် မဝယ်နိုင်တဲ့သူ များတယ် ဆိုတဲ့အကြောင်း၊ ကားတစီးကို သိန်း ၅၀ ကျော် လျှော့ရောင်းတာတောင် ဝယ်တဲ့သူ များမလာတဲ့အတွက် မော်ဒယ်လ်လေးတွေပါ အဆစ်ပေးရင် ဝယ်သူ များနိုင်ကြောင်း ကိုတာတေက သုံးသပ်ပါတယ်။

မဒမ်တာတေကတော့ “ဒါမျိုးတော့ဘယ်ရမလဲ။ ဒင်း ကျမကွယ်ရာမှာမို့လို့ ဒီစကားပြောရဲတာ။ ဆိုက်ကားတော့ မဆွဲဘဲနဲ့ ဒီပွဲကို သွားတာတောင် လွန်လှပြီ။ အိမ်ပြန်လာမှသိမယ်” လို့ ပြောပါတယ်။

မော်ဒယ်လ်လေးတွေကို အဆစ်ပေးမယ့် အစီအစဉ်တော့ မကြားသေးဘူး ဆိုတဲ့အကြောင်း၊ ဒါပေမယ့် အရစ်ကျစနစ်နဲ့ ဝယ်မယ့် သူတွေကို လက်ခံမယ် ဆိုတဲ့အကြောင်း၊ ပထမအသုတ်အနေနဲ့ ကားတန်ဖိုး ၅၀ ရာခိုင်နှုန်းကို ပေးသွင်းပြီး ကားစီးနိုင်ပြီ ဖြစ်တဲ့ အကြောင်း၊ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ လစဉ်ပေး စနစ်နဲ့ ငွေချေနိုင်တဲ့ အကြောင်း ရမ္မာကားပြပွဲ တာဝန်ခံတဦးက ဝမ်းသာအားရ ရှင်းပြပေမယ့် ပြပွဲလာသူများက ကားထက် လူတွေကိုပဲ စိတ်ဝင်စားတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေအတွက် ငွေရှာပေးနေတဲ့ စီးပွားရေးဦးပိုင်လီမိတက်ဟာ ရမ္မာကား ထုတ်လုပ်ရေး အပြင် မြ၀တီဘဏ်၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ လန်းပြီး သင်္ဘောလိုင်း၊ မြ၀တီ ထရေးဒင်း၊ 547 ရောင်းဝယ်ရေးကုမ္ပဏီ၊ Ruby ဈေးဝယ်စင်တာ၊ မြနန္ဒာသောက်ရေသန့်၊ စီးကရက်လုပ်ငန်း၊ ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်း၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ သစ်တင်ပို့တဲ့လုပ်ငန်း၊ ကားတင်သွင်း ရောင်းချတဲ့လုပ်ငန်း၊ ပါရမီတက္ကစီနဲ့ ခရီးသွားယာဉ်လိုင်းများ အပါအ၀င် စီးပွားရေး လုပ်ငန်းပေါင်းများစွာကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေပြီးတော့ အနှိပ်ခန်း၊ ကာရာအိုကေ၊ ညကလပ် တွေကိုပါ နိုင်ငံတကာ စံချိန် စံညွှန်းနဲ့ညီအောင် ဖွင့်လှစ်သွားမယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းများရဲ့ အဆိုအရ (ဒီလိုရေးလိုက်တော့ မှားလည်း ဘာမှမဖြစ်တော့ဘူးပေါ့) သိရပါတယ်။

ဒါ့အပြင် ဦးပိုင်လီမိတက်ဟာ မြန်မာနိုင်ငံမှာ အခွန်ကင်းလွတ်ခွင့်ရရှိထားပြီးတော့ ဥက္ကဋ္ဌက စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦးဖြစ်ပါတယ်။
ဧရာဝတီသတင်းပို့ စ်မှပြန်လည်ဖော်ပြသည်

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း မြန်မာ့ ပထမဆုံး အထူး စီးပွားရေးဇုန် ဖြစ်လာမည်။ အနစ်နာဆုံးမှာ စင်ကာပူဖြစ်နိုင်

























ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း မြန်မာ့ ပထမဆုံး အထူး စီးပွားရေးဇုန် ဖြစ်လာမည်။ အနစ်နာဆုံးမှာ စင်ကာပူဖြစ်နိုင်
၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး သုံးပတ်အကြာ ရွေးကောက်ပွဲ အကြိုကာလ နိုဝင်ဘာ ၂ ရက်နေ့တွင် နေပြည်တော်၌ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Italian - Thai နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ ဒေါ်လာ ဂ ဒဿမ ၆ ဘီလီယံတန် ထားဝယ်ရေကန် ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်း သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြရာ ထိုစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အထူး စီးပွားရေးဇုန် (Special Economic Zone) အဖြစ် ပေါ်ပေါက်လာမည် ဖြစ်ပြီး မြန်မာ့ စီးပွားရေးကို ဆွဲတင် သွားပေတော့မည်ဟု ယူဆရသည်။
ထိုစီမံကိန်းကို ဆယ်နှစ်အတွင်း ပြီးစီးအောင် အကောင်အထည် ဖော်သွားမည် ဖြစ်ကာ အဆင့်သုံးဆင့် ပါဝင်ပြီး ရေနက် ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် ထိုင်းနိုင်ငံသို့ ကားလမ်း၊ ရထားလမ်းများဖြင့် ဆက်သွယ်ရေးတို့ ပါဝင်သည်။ စက်မှုဇုန်သည် အရှေ့တောင် အာရှဒေသ တစ်ခုလုံးတွင် အကြီးဆုံး စက်မှုဇုန် အဖြစ် ပေါ်ထွက်လာမည်ဟု ခန့်မှန်းထားကြသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ဒေသတွင်းတွင် ကုန်စည် ပို့ဆောင်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး အချက်အချာ ဌာနအဖြစ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ အရှေ့တောင်အာရှနှင့် တောင် တရုတ်ပင်လယ် နိုင်ငံများကို အိနိ္ဒယ သမုဒ္ဒရာသို့ ကပ္ပလီ ပင်လယ်ပြင်မှ တစ်ဆင့် ဆက်သွယ်ပေးမည် ဖြစ်သည်။
ထားဝယ် ရေနက်ဆိပ်ကမ်းသည် ထိုင်းပို့ကုန်များကို ဥရောပနှင့် အရှေ့ အလယ်ပိုင်းဒေသများသို့ ပို့ဆောင်ရာတွင် ရွေးချယ်စရာအသစ် ဖြစ်လာပေမည်။ ထိုင်းနိုင်ငံ၏ အဓိက ဆိပ်ကမ်းအချို့ "အ"သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပေါ် မှီခို အားထားရမှု မြင့်တက်လာမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံအဖို့ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းမှာ ရေရှည်ကို မျှော်ကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာ သုံးသပ်သူ တစ်ဦးက ပြောကြားသည်။
ထားဝယ်ရေနက် စီမံကိန်းသည် အာရှ အနောက်ခြမ်းနှင့် အာရှ အရှေ့ခြမ်း အကြား မြေသား တံတားထိုးခြင်း Land Bridge ဟု အာရှ စီးပွားရေး သတင်းများက ဖော်ပြသည်။
ယခုကဲ့သို့ ထားဝယ် ရေနက် စီမံကိန်း ဖော်ဆောင်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပထ၀ီဝင် နိုင်ငံရေးအရ တန်ဖိုး ပိုမို မြင့်တက်လာမည်ဖြစ်ပြီး အနီးစပ်ဆုံးအားဖြင့် စူးအက်တူးမြောင်းနှင့် အိမ်ရှင်နိုင်ငံ အီဂျစ်တို့၏ အနေအထားကို ယှဉ်ကြည့်ခြင်းဖြင့် သိနိုင်သည်။
ဘန်ကောက်နှင့် ထားဝယ်မြို့သည် ကီလိုမီတာ ၅၀၀ ခန့်သာ ကွာဝေးသောကြောင့် ယခုစီမံကိန်း လမ်း ဖောက်လုပ်ပြီးသွားလျှင် ထိုင်းပင်လယ်ကွေ့နှင့် စင်ကာပူနိုင်ငံအား ပတ်သွားနေရသည့် ပင်လယ် ခရီးလမ်းကြောင်းကို ချုံ့ပစ်နိုင်မည်ဖြစ်ကာ တောင်အာရှ၊ အာဖရိက တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းရှိ ဈေးကွက်များနှင့် ပိုမို နီးကပ်သွားမည်ဖြစ်ကြောင်း ထိုင်းစီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀န်း၏ သုံးသပ်ချက်ကို သတင်းစာများက ရေးသား ဖော်ပြသည်။
ထိုင်း ကုန်တင် သင်္ဘောများသည် မလက္ကာ ရေလက်ကြားကို ပတ်ကာ အိနိ္ဒယသမုဒ္ဒရာသို့ သွားရောက် ရသည့်ကာလသည် သုံးပတ်ခန့်ကြာသော်လည်း ကားလမ်းဖြင့်မူ ဘန်ကောက်-ရန်ကုန် ခရီးလမ်း မကောင်းသည့် အခြေအနေတွင်ပင်လျှင် လေးရက်ခန့်သာ ကြာသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း ပုံပေါ်လာလျှင် စင်ကာပူ၏ ဈေးကွက်အချို့ကို ယင်း ရေနက်စီမံကိန်းက ရနိုင်သည့်အတွက် အနစ်နာဆုံးမှာ စင်ကာပူဖြစ်နိုင်သည်။
အဆိုပါ စီမံကိန်းသည် ထိုင်းနိုင်ငံ၏ အဓိကဆိပ်ကမ်းနှင့် စက်မှုဇုန်ထက် ဆယ်ဆ ကြီးမားကြောင်း အဆိုပါ စီမံကိန်းကို လေ့လာခဲ့သည့် ထိုင်းနိုင်ငံ ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌ၏ ပြောကြားချက်ကို နာမည်ကျော် စီးပွားရေး သတင်းဌာန ဖြစ်သည့် Bloomberg သတင်းတွင် ဖော်ပြထားသည်။
ယခုစီမံကိန်းသည် Italian - Thai ၏ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး စီမံကိန်းဖြစ်ကာ ဂျပန်နိုင်ငံတွင် သံမဏိ အများဆုံး ထုတ်လုပ်သူ Nippon Steel Corporation နှင့် ထိုင်းနိုင်ငံရှိ စွမ်းအင် အကြီးဆုံး ထုတ်လုပ်သူ PTT တို့ အပါအ၀င် တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီး မြှုပ်နှံသူများသည် အဆိုပါ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ထိုင်း ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့ (National Economics and Social Development) မှ လေ့လာ ဆန်းစစ်သူတစ်ဦးက ထိုင်းနိုင်ငံတွင်းနှင့် ပြည်ပမှ ပုဂ္ဂလိက ကုမ္ပဏီများသည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဆောက်လုပ်သူအဖြစ် လည်းကောင်း၊ ရင်းနှီး မြှုပ်နှံသူများအဖြစ် လည်းကောင်း ပါဝင်ရန် စိတ်ဝင်စား နေကြောင်း အောက်တိုဘာ လအတွင်းက ပြောကြားချက်ကို Blooberg တွင် ဖော်ပြထားသည်။
Italian - Thai ကုမ္ပဏီ၏ ရှယ်ယာများသည် ယခုနှစ်အတွင်း ၈၅ ရာခိုင်နှုန်းခန့် မြင့်တက်နေခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့ လက်မှတ်ရေးထိုးအပြီး နောက်တစ်ရက် နိုဝင်ဘာလ ၃ ရက်တွင် ရှယ်ယာဈေးနှုန်း ၇ ရာခိုင်နှုန်း မြင့်တက် သွားခဲ့သည်။
Italian - Thai ကုမ္ပဏီကို ၁၉၅၈ ခုနှစ်က အီတလီနှင့် ထိုင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပူးပေါင်းကာ စတင် တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ၏ အဓိက ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို လုပ်ကိုင်ခဲ့ကာ ထိုင်း သုဝဏ္ဏဘူမိ အပြည် ပြည်ဆိုင်ရာ လေဆိပ်ကို တည်ဆောက်ခဲ့သည်။
ယင်းစီမံကိန်းကို BOT - (Build Operate and Transfer တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်သွားမည်ဖြစ်ပြီး ကာလမှာ နှစ် ၆၀ ဖြစ်သည်။
ထိုစီမံကိန်း စက်မှုဇုန်တွင် အကြီးစား စက်မှုလုပ်ငန်းများ ဖြစ်သည့် သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ ပါဝင်မည် ဖြစ်သည်။ ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံ ကန်ချနာဘူရိ အကြား ကားလမ်း၊ ရထားလမ်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတို့ ဆက်သွယ်မည် ဖြစ်သည်။
ထားဝယ် ရေနက်စီမံကိန်း၏ ထိုင်းနိုင်ငံ အဝေးပြေး ကားလမ်းသည် ဘန်ကောက်ြမို့ သို့ တင်ပို့ ဆက်သွယ် သွားမည်ဖြစ်ရာ ဘန်ကောက်မြို့မှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ ဆီဆိုဖွန်းမြို့ကို ဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံ ဗန်တောင်မြို့နှင့် ကွမ်နွန်မြို့သို့ ဆက်သွယ်သည့် Greater Mekong Subregion Southem Corridor မဲခေါင်ဒေသကြီး တောင်ပိုင်း စင်္ကြံလမ်းမကြီးနှင့် ချိတ်ဆက်ကာ အဝေးပြေးလမ်းမကြီး ဖောက်လုပ်သွားမည် ဖြစ်သောကြောင့် အာရှအရှေ့နှင့် အနောက် စီးပွားရေးစင်္ကြံ East - West Corridor တွင် ပဓာနကျသော နေရာ ဖြစ်လာပေမည်။
မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတွင် အထက်ပါ လမ်းကြောင်းအပြင် နောက်ထပ် လမ်းကြောင်း နှစ်ကြောင်း ရှိနေသေးသည်။ မော်လမြိုင်မြို့မှ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ ဆိပ်ကမ်းအထိ ဖောက်လုပ်မည့် အရှေ့နှင့် အနောက်လမ်းကြောင်းသည် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ် တို့ကို ကားလမ်းဖြင့် ဆက်သွယ်သွားမည်ဖြစ်ကာ မြ၀တီ-မော်လမြိုင် အပိုင်းကို ထိုင်းကုမ္ပဏီများက ဆောက်လုပ်လျက် ရှိသည်။ မော်လမြိုင်နှင့် ထားဝယ်ကားလမ်းမှာ တည်ရှိပြီးဖြစ်ရာ ထိုလမ်းကြောင်းကို အဆင့်မြင့် တင်လိုက်ရုံဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်းသည် အရှေ့နှင့် အနောက် လမ်းကြောင်းနှင့် ဆက်သွယ်မိပေမည်။
မြောက်-တောင် စီးပွားရေး လမ်းကြောင်းသည် မြန်မာနှင့် လာအိုတို့ကိုဖြတ်ကာ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် တရုတ်နိုင်ငံ ကူမင်းကို ဆက်သွယ်ထားသည်။
ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွင် တောင်ပိုင်း ဆိပ်ကမ်းနှင့် မြောက်ပိုင်း ဆိပ်ကမ်းဟု နှစ်ခုရှိပြီး ဆိပ်ခံတံတား နှစ်ခုတွင် တန်ချိန် ၂၀,၀၀၀ မှ ၅၀,၀၀၀ ရှိ သင်္ဘောစင်းရေ ၂၅ စင်း တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်ကာ တစ်နှစ်လျှင် ကုန်စည် မက်ထရစ်တန်ချိန် သန်း ၁၀၀ ခန့် ကိုင်တွယ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ စီမံကိန်းတွင် စက်မှုဇုန်နယ်မြေ တည်ဆောက်ရန် မြေဧရိယာ စတုရန်း ကီလိုမီတာ ၂၅၀ သတ်မှတ်ထားပြီး ထိုစက်မှုဇုန်နယ်မြေတွင် မြေဧရိယာ ၂၀ ဒသမ ၉ စတုရန်း ကီလိုမီတာရှိ အကြီးစား စက်မှုဇုန် နှစ်ခု၊ မြေဧရိယာ ၆၅ ဒသမ ၁ စတုရန်း ကီလိုမီတာရှိ အလယ်အလတ် စက်မှုဇုန်တစ်ခု၊ မြေဧရိယာ ၄၃ စတုရန်း ကီလိုမီတာရှိ လမ်းနှင့် ပန်းခြံများ ပါဝင်သည့် အများသုံး နယ်မြေနှင့် မြေဧရိယာ စတုရန်း ကီလိုမီတာ ၂၀ ရှိ မြို့ပြ လူနေအိမ်ရာများ ပါဝင်သည်။
စီမံကိန်း တစ်ခုလုံးအတွက် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်သည့် လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း နယ်မြေအတွင်း လိုအပ်သော ရေ ဖြန့်ဝေနိုင်ရေးအတွက် ရေထုထည် ပမာဏ ကုဗမီတာ ၂၁၉ သန်း သိုလှောင်နိုင်သည့် ရေလှောင်တမံ တည်ဆောက်ကာ တစ်ရက်လျှင် ရေ ကုဗမီတာ ၉၇၅,၀၀၀ ထုတ်လုပ်နိုင်သည့် ရေသန့်စက်ရုံက ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။
အထူးစီးပွားရေးဇုန် ဖြစ်ထွန်းလာလျှင် ထိုထားဝယ် ရေနက်ဆိပ်ကမ်း ဇုန်အတွင်း နိုင်ငံခြားငွေ လွတ်လပ်စွာ ကိုင်ဆောင်ခွင့်၊ နိုင်ငံတကာ ဘဏ်များ၊ နိုင်ငံတကာ အဆင့်မီ လုပ်ထုံးလုပ်နည်းများပါ ပုံပေါ်လာမည် ဖြစ်သည်။ အိမ်ရှင်နိုင်ငံအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ နိုင်ငံတကာ အဆင့် စီမံခန့်ခွဲမှုများနှင့် ရင်းနှီး သင်ယူခွင့်ရခြင်း၊ နည်းပညာ ပေါင်းကူးခြင်း၊ နိုင်ငံ၏ အခြားဒေသများတွင် ရင်းနှီးမြှုပ်နှံမှု စီးဝင်လာခြင်း စသည့် များမြောင်လှသော စီးပွားရေး အခွင့်အလမ်းများစွာ ရရှိလာမည် ဖြစ်သည်။ မြင်သာသော အကျိုးစီးပွား အဖြစ် ထိုစီမံကိန်းကို ပံ့ပိုးပေးမည့် ၀န်ဆောင်မှု လုပ်ငန်းများ အကျိုး ခံစားရကာ Service Industry ကြီးထွားလာမည်။
ပထမအဆင့်အဖြစ် လေးလမ်းသွား ထားဝယ်-ကန်ချနာဘူရိ ကားလမ်း ဖောက်လုပ် ပြီးစီးသွားပါက ကနဦး အကျိုး ခံစားရမှုအဖြစ် ကမ္ဘာလှည့် ခရီးသည် တစ်နှစ်လျှင် ၁၄သန်း လက်ခံ ရရှိနေသည့် ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသည်များ တနင်္သာရီတိုင်းသို့ ပိုမို ၀င်ရောက်လာဖွယ် ရှိသည်။ ကန်ချနာဘူရိတွင် နာမည်ကျော် သေမင်းတမန် ရထားလမ်းပေါ်ရှိ ကွေးမြစ်တံတား Birdge Over River Kway သည် ကမ္ဘာလှည့် ခရီးသည်များ အဓိက ဆွဲဆောင်ရာ နေရာဖြစ်ပြီး အဆိုပါဒေသမှ ခရီးသည်များ ၀င်ရောက်လာရန် အခွင့်အလမ်းများ ရှိနေသည်။
မြန်မာနိုင်ငံသည် ယမန်နှစ်က ထိုင်းနိုင်ငံသို့ ပို့ကုန်အဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ပြီး ၃၈ ဒသမ ၄ ရာခိုင်နှုန်းမှာ ဓာတ်ငွေ့ရောင်းချမှုမှ ရရှိခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံဖိုး ရင်းနှီးမြုပ်နှံ ထားသဖြင့် တရုတ်၊ ဟောင်ကောင်တို့ကို ဖြတ်ကျော်ကာ ထိပ်တန်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိပြီး ထားဝယ် ရေနက်ဆိပ်ကမ်း ပုံပေါ်လာသည်နှင့်အတူ မြန်မာ-ထိုင်း စီးပွားရေး ဆက်ဆံမှု ပိုမို မြင့်တက်လာမည် ဖြစ်သည်။

Saturday, January 22, 2011

CDMA 800 MHz ငါးသိန်းဖုန်းများ၏ ကုတ်နံပါတ်အား ၀၁ မှ ၀၉ သို့ ဖေဖေါ်ဝါရီလ အတွင်း ပြောင်းလဲ သတ်မှတ်သွားမည်ဟု သိရ

CDMA 800 MHz ငါးသိန်းဖုန်းများ၏ ကုတ်နံပါတ်အား ၀၁ မှ ၀၉ သို့ ဖေဖေါ်ဝါရီလ အတွင်း ပြောင်းလဲ သတ်မှတ်သွားမည်ဟု သိရ

မြေပြိုတောင်ပြိုမှု ဘေးအန္တရာယ်သည် ဘူမိဗေဒဆိုင်ရာ ဘေးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ပင်ကိုသဘာဝအရ တည်ငြိမ်မှု အားနည်းသည့် နေရာများတွင် အဖြစ်များကြောင်းသိရ

မြေပြိုတောင်ပြိုမှု ဘေးအန္တရာယ်သည် ဘူမိဗေဒဆိုင်ရာ ဘေးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ပင်ကိုသဘာဝအရ တည်ငြိမ်မှု အားနည်းသည့် နေရာများတွင် အဖြစ်များကြောင်းသိရ

ဆီးချိုသွေးချို ဖြစ်ပွားသူများ၏ ၉၀ ရာခိုင်နှုန်းမှာ မိဘမျိုးရိုးလိုက်ခြင်းနှင့် နေထိုင်စားသောက်မှု ပုံစံမမှန်ခြင်းကြောင့်ဖြစ်ကြောင်း သိရ

ဆီးချိုသွေးချို ဖြစ်ပွားသူများ၏ ၉၀ ရာခိုင်နှုန်းမှာ မိဘမျိုးရိုးလိုက်ခြင်းနှင့် နေထိုင်စားသောက်မှု ပုံစံမမှန်ခြင်းကြောင့်ဖြစ်ကြောင်း သိရ

ကမ္ဘာမြေကို ဖန်ဆင်းသူမှာ ဘုရားသခင် မဟုတ်ဟု ဟော့ကင်းကဆို


ကမ္ဘာမြေကို ဖန်ဆင်းသူမှာ ဘုရားသခင် မဟုတ်ဟု ဟော့ကင်းကဆို
MONDAY, 06 SEPTEMBER 2010 09:31 ADMINISTRATOR


စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒ နိယာမအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံသား ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းက အသစ်ထုတ်ဝေမည့် စာအုပ်တွင် ထုတ်ဖော် ရေးသားလိုက်သည်။
အမေရိကန် ရူပဗေဒ ပညာရှင် Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားသည့် “The Grand Design” အမည်ရှိ စာအုပ်တွင်ဟော့ကင်းက စကြာဝဠာကို ဖန်တီးသည့် သီအိုရီသစ်များကို ဖော်ပြထားကြောင်း ကြာသပတေးနေ့ထုတ် တိုင်းမ်သတင်းစာအရ သိရှိရသည်။
ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သော နိယာမတစ်ခုအရ စကြာဝဠာသည် တစ်စုံတစ်ရာ မရှိသော အခြေအနေ တစ်ခုမှ မိမိဘာသာ ဖန်တီးယူနိုင်ကြောင်း၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည် ဘာမျှမရှိခြင်းထက် ပိုသော တစ်စုံတရာရှိခြင်း၏ အကြောင်းပြချက်ဖြစ်ပြီး ထိုအချက်ကြောင့် စကြာဝဠာနှင့် တကွ ကျွန်ုပ်တို့ တည်ရှိနေရခြင်း ဖြစ်ကြောင်း ဟော့ကင်းက ရေးသားထားသည်။ စကြာဝဠာ ဖြစ်တည်မှု အတွက် ဘုရားသခင်၏ စတင်ဖန်တီးမှု တစ်စုံတစ်ရာ မလိုအပ်ဟု သူကဆိုသည်။
အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဟော့ကင်းသည် တွင်းနက်ကြီးများ (Black holes)၊ စကြဝဠာဗေဒ၊ ကမ္ဘာမြေ ဆွဲငင်အား ကွမ်တမ်နိယာမ တို့ဖြင့် ထင်ရှားသော သိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်က ထုတ်ဝေသော “A Brief History of Time” စာအုပ်ဖြင့် တကမ္ဘာလုံး အသိအမှတ်ပြုလောက်အောင်
အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ ခေတ်သစ် ရူပဗေဒ သဘောတရားများ ဖြစ်သော အဲလ်ဘတ်အိုင်စတိုင်း၏ နှိုင်းရ သီအိုရီနှင့် ပရမာဏုမြူများနှင့် ပတ်သက်သော ကွမ်တမ်သီအိုရီ တို့ကို ဆက်စပ်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ်မှ စတင် ကြိုးပမ်းခဲ့သည်။
သူ၏ နောက်ဆုံး သုံးသပ် တင်ပြချက်များသည် ဖန်တီးရှင် နတ်ဘုရားရှိသည်ဟု ယုံကြည်မှုနှင့် ပတ်သက်၍ ယခင်က အမြင်များကို ဆန့်ကျင်နေသည်။ ရူပဗေဒဆိုင်ရာ နိယာမများအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) တွင် ဘုရားသခင်၏ ကြားဝင်လုပ်ဆောင်မှု ရှိသည်ဟု ယုံကြည်ရန်
မလိုအပ်ကြောင်း ယခင်က ရေးသားခဲ့သည်။ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ပြည့်စုံသော သီအိုရီကို ရှာဖွေတွေ့ရှိခဲ့ပါက ၄င်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို နားလည်သင့်သည်ဟူသော လူသားတို့၏ အကြောင်းပြချက်နှင့် ပတ်သက်၍ အဆုံးစွန်သော အောင်မြင်မှု ဖြစ်လိမ့်မည်ဟု “A Brief History” စာအုပ်တွင် ရေးသားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် နေမှတပါး အခြား ကြယ်တစ်ခုကို လှည့်ပတ်နေသော ဂြိုလ်တစ်ခုကို တွေ့ရှိခဲ့ရခြင်းမှာ ရူပဗေဒ ဖခင်ကြီး အိုင်ဆက်နယူတန်၏ စကြာဝဠာသည် ဘုရားသခင်၏ ဖန်တီးမှုမှလွဲ၍ အခြား ပရမ်းပတာ အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဟူသော အမြင်ကို ပြောင်းလဲရန် အကူအညီ
ဖြစ်ခဲ့သည်ဟု သူ၏ နောက်ဆုံး စာအုပ်တွင် ရေးထားသည်။ နေတစ်စင်းတည်းရှိမှု၊ နေနှင့်ကမ္ဘာ အကွာအဝေးနှင့် ကမ္ဘာမြေ အလေးချိန် တို့၏ ကံအားလျော်စွာ
ပေါင်းစပ်မူ တို့ဖြင့် ကမ္ဘာမြေသည် လူသားတို့အတွက် အဆင်ပြေသော နေရာတစ်ခုအဖြစ် ရှိနေခြင်းမှာ ဂြိုလ်များနှင့် ပတ်သက်သော အခြေအနေအရ တိုက်ဆိုင်မှုတစ်ခု ဖြစ်ကြောင်း သူက ရေးခဲ့သည်။
ဟော့ကင်းသည် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် နာတာရှည်ရောဂါ ခံစားနေရသူ ဖြစ်ပြီး ကွန်ပြူတာ အကူအညီဖြင့် စကားပြောနေရသူ ဖြစ်သည်။
သူသည် ထိုရောဂါကို အသက် ၂၀ အရွယ်ကတည်းက ခံစားခဲ့ရသော်လည်း ကမ္ဘာ့သိပ္ပံပညာရပ် နယ်ပယ်တွင် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်ခဲ့ကာ “Star Trek” ရုပ်ရှင်ကားနှင့် “Futurama” နှင့် “The Simpsons” ကာတွန်းကားများတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှ စတင်ကာ နယူတန်ထံမှ လွှဲပြောင်း ရယူခဲ့သော ကင်းဘရစ် တက္ကသိုလ်၏ သင်္ချာပါမောက္ခချုပ် ရာထူးမှ အနားယူခဲ့သည်။
“The Grand Design” စာအုပ်မှာ နောက်အပတ်တွင် စတင် ရောင်းချမည် ဖြစ်သည်။
Source : Mandalay Gazette

မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသားများ မန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး ကို အစုရှစ်စု ခွဲခြားထားသည်- (က) ကချင် (၁၂) မျိုး (ခ) ကယား (၉) မျိုး (ဂ) ကရင် (၁၁) မျိုး (ဃ) ချင်း (၅၂) မျိုး (င) ဗမာ (၉) မျိုး (စ) မွန် (၁)



ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဘွဲအပ်နှင်းမည် (BRAKING NEWS)
• November 23, 2010 ရက် ၊ 9:30am တွင် saimyinttun ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
• စာပို့ရန် saimyinttun's ရေးသားသောဘလော့အားလုံးကြည့်ရန်
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဆု ပေးမည်.............
by San Maung on Tuesday, November 23, 2010 at 4:30am
အိန္ဒိယ လူ့အခွင့်အရေးအဖွဲ့ မာနိုဗ် အိခ်တ ပရီရှဒ် (Manav Ekta Parishad) က ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဂုဏ်ထူးဆောင် ဧကရီဘွဲ့ (Queen of Myanmar's Democracy and Human Rights) ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် အခမ်းအနားဖြင့် ပေးအပ်မည်ဟု သတင်းရရှိသည်။
အိန္ဒိယ ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးကြောင်း ပြသလိုခြင်းနှင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ထွန်းကားရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုများကို ပိုမိုသိရှိ နားလည်စေရန်ရည်ရွယ်၍ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများက ဆိုသည်။
“သူ့ရဲ့ နိုင်ငံရေးနဲ့ ဇွဲသတ္တိကို ချီးကျူးပြီးတော့ သူရဲကောင်းအဖြစ် အသိအမှတ် ပြုတဲ့အနေနဲ့ သူသာလျှင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မြန်မာပြည်သူတွေဆီ ရယူပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အိန္ဒိယနိုင်ငံလို အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံက ပြည်သူတွေရဲ့ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည် သိစေချင်တာတွေ၊ အိန္ဒိယပြည်သူတွေက မြန်မာနိုင်ငံအကြောင်း ပိုပြီး သိစေချင်တာတွေ ပါပါတယ်” ဟု အဖွဲ့ အတွင်းရေးမှူး မစ္စတာ တီဒီ ဆင်းက ဧရာဝတီသို့ ပြောသည်။
မာနိုဗ် အိခ်တ ပရီရှဒ် အဖွဲ့သည် ၂၀၀၇ ခုနှစ်မှ စ၍ အိန္ဒိယနိုင်ငံတွင်း လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ၊ ဘာသာရေး၊ လူမျိုးရေးနှင့် ဇာတ်အဆင့်အတန်းများ ခွဲခြားမှု ပပျောက်ရေးကို လုပ်ဆောင်နေသော လူ့အခွင့်အရေး အဖွဲ့စည်းတခုဖြစ်သည်။
ဟာရီယားနားပြည်နယ် ဖရီဒါဘတ်ရှိ မာနိုဗ် အိခ်တ ပရီရှဒ် အဖွဲ့ရုံးချုပ်တွင် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် အထိမ်းအမှတ် ကြေးသွန်းသံလျက်ကို ပေးအပ်ရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား အိန္ဒိယအခြေစိုက် အဝေးရောက် ညွန့်ပေါင်းအစိုးရ ၀န်ကြီး ဒေါက်တာ တင့်ဆွေက လက်ခံရယူမည်ဖြစ်သည်။
အဆိုပါ ဂုဏ်ထူးဆောင်ဆုသည် မာနိုဗ် အိခ်တ ပရီရှဒ်မှ ပေးအပ်သည့် ပထမဆုံး ဘွဲ့တံဆိပ်ဖြစ်သည်။
“သန်လျက်ဆိုတာဟာ မြန်မာနိုင်ငံက မင်းမြောက်တန်ဆာတွေထဲက အဆောင်အယောင်တခုအဖြစ် ပါဝင်တဲ့အတွက် ကျနော်တို့အမြင်မှာ မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် အမြင့်မားဆုံး စွန့်စားမှုနဲ့ စွန့်လွှတ်မှု လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဘွဲ့နဲ့အတူ ပေးရတာဖြစ်ပါတယ်” ဟု မစ္စတာ တီဒီဆင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖိနှိပ်မှုများစွာ ရှိနေသည့်ကြားမှပင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်နှင့် ပါတီရပ်တည်ရေးအတွက် တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းသည် လူ့အခွင့်အရေး လှုပ်ရှားသူများကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးလိုက်သည့် ချီးကျူးဖွယ်ရာ လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုလို အိန္ဒိယ အခြေပြုတဲ့ လူမှုရေး အဖွဲ့အစည်းတွေက ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတယ်ဆိုတာ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီအတွက် ဂုဏ်ယူတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါမှသာလျှင် အိန္ဒိယအစိုးရက ပိုပြီး နိုးကြားလာမယ်။ အိန္ဒိယ အစိုးရက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထားတဲ့မူတွေက ကျနော်တို့ အားမရသေးဘူး” ဟု မစ္စတာ တီဒီဆင်းက ဆိုသည်။
အိန္ဒိယအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် နီတားဂျီး ဆူဘတ်စ် ဖောင်ဒေးရှင်း (Netaji Subhas Foundation) ကလည်း ဆူဘတ်စ် ချန်ဒြာ ဘို့စ် (Subhas Chandra Bose) ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် နေရစဉ်ကာလ ၂၀၀၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယအစိုးရက ဂျဝါလဟာနေရူးဆုကို ၁၉၉၃ ခုနှစ်တွင် ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရနှင့် နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆက်ဆံရေး တိုးမြင့်လာချိန်၌ မြန်မာ့ဒီမိုကရေစီရေးတွင် နှုတ်ဆိတ်နေမှုများကြောင့် အိန္ဒိယအစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်မှုများရှိလာသည်။
အမေရိကန် သမ္မတ အိုဘားမားက အိန္ဒိယခရီးစဉ်အတွင်း မြန်မာ့အရေးတွင် အိန္ဒိယ၏ နှုတ်ဆိတ်နေမှုကို ဝေဖန်ထောက်ပြခဲ့ပြီးနောက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခြင်းသည် အမျိုးသားရင်ကြားစေ့ရေးအတွက် လမ်းစဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မေးလ် မှတဆင့် ဖော်ပြသည်။ ( စိုင်းမြင့်ထွန်း

မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသားများ



မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသားများ
မန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး ကို အစုရှစ်စု ခွဲခြားထားသည်-
(က) ကချင် (၁၂) မျိုး
(ခ) ကယား (၉) မျိုး
(ဂ) ကရင် (၁၁) မျိုး
(ဃ) ချင်း (၅၂) မျိုး
(င) ဗမာ (၉) မျိုး
(စ) မွန် (၁) မျိုး
(ဆ) ရခိုင် (၇) မျိုး
(ဇ) ရှမ်း (၃၄) မျိုး ဖြစ်သည်။

(က) ကချင် (၁၂) မျိုး
၁။ ကချင်
၂။ တရုမ်း
၃။ ဒလောင်
၎။ ဂေါ်ရီ
၅။ ဂျိမ်းဖော
၆။ ခခု
၇။ ဒူးလန်း
၈။ မရူ (လော်ဝေ)
၉။ ရ၀မ်
၁၀။ အဇီး
၁၁။ လရှီ
၁၂။ လီဆူး

(ခ) ကယား (၉) မျိုး
၁၃။ ကယား
၁၄။ ဇယိမ်း
၁၅။ ကယမ်း (ပဒေါင်)
၁၆။ ကဲ့ခို
၁၇။ ဂေဘား
၁၈။ ပရဲ (ကယော်)
၁၉။ မနုမနော
၂၀။ ယင်းတလဲ
၂၁။ ယင်းဘော်

(ဂ) ကရင် (၁၁) မျိုး
၂၂။ ကရင်
၂၃။ ကရင်ဖြူ
၂၄။ ပလေကီး
၂၅။ မွန်ကရင် (စာဖြူ)
၂၆။ စကော (ကရင်)
၂၇။ တလှေပွား
၂၈။ ပကူး
၂၉။ ဘွဲ
၃၀။ မောနေပွား
၃၁။ မိုးပွား
၃၂။ ပိုး (ကရင်)
(ဃ) ချင်း (၅၂) မျိုး
၃၃။ ချင်း
၃၄။ ဆလိုင်း
၃၅။ ခမီ
၃၆။ ခေါနိုး
၃၇။ ခေါင်ဆိုင်ချင်း
၃၈။ မယ်တိုင် (ကသဲ)
၃၉။ ကလင်ကော (လုရှည်)
၄၀။ အောင်ခမီ
၄၁။ ခေါင်စို
၄၂။ စွာဆင်း(မ်)
၄၃။ ခွန်လီ (ဆင်မ်)
၄၄။ ဂန်တဲ့
၄၅။ ဂွေးတဲ
၄၆။ ငွန်း
၄၇။ ဆီစာန်
၄၈။ ဆင်တန်
၄၉။ ဆိုင်းတန်
၅၀။ ဇာတောင်
၅၁။ ဇိုတုံး
၅၂။ ဇိုဖေ
၅၃။ ဇို
၅၄။ တီးတိန် (တဲဒင်မ်)
၅၅။ ဇန်ညှပ်
၅၆။ တပေါင်
၅၇။ တေဇန်
၅၈။ တိုင်ချွန်း
၅၉။ တာ့ဒို

(င) ဗမာ (၉) မျိုး
၈၆။ ဗမာ
၈၇။ ထားဝယ်
၈၈။ မြိတ်
၈၉။ ဆော (ယော)
၉၀။ ရဘိန်း
၉၁။ ကဒူး (ခုံကူး)
၉၂။ ကနန်း
၉၃။ ဆလုံ
၉၄။ ဇုန်း
(စ) မွန် (၁) မျိုး
၉၅။ မွန်
(ဆ) ရခိုင် (၇) မျိုး
၉၆။ ရခိုင်
၉၇။ ကမန်
၉၈။ ခမြီး
၉၉။ ဒိုင်းနက်
၁၀၀။ မရမာကြီး
၁၀၁။ မြို
၁၀၂။ သက်

(ဇ) ရှမ်း (၃၄) မျိုး
၁၀၃။ ရှမ်း
၁၀၄။ ယွန်း (လာအို)
၁၀၅။ ကြီ
၁၀၆။ ဖျင်
၁၀၇။ သအို
၁၀၈။ ဓနော
၁၀၉။ ပလေး
၁၁၀။ အင်
၁၁၁။ စုံ (ဆံ)
၁၁၂။ ခမူ
၁၁၃။ ကော် (အခါ-အီကော)
၁၁၄။ ကိုးကန့်
၁၁၅။ ခန္တီးရှမ်း
၁၁၆။ ဂုံ (ခွန်)
၁၁၇။ တောင်ရိုး
၁၁၈။ ဓနု
၁၁၉။ ပလောင်
၁၂၀။ မြောင်ဇီး
၁၂၁။ ယင်းကြား
၁၂၂။ ယင်းနက်
၁၂၃။ ရှမ်းကလေး
၁၂၄။ ရှမ်းကြီး
၁၂၅။ လားဟူ
၁၂၆။ အင်းသား
၁၂၇။ အိုက်ဆွယ်
၁၂၈။ ပအို့ဝ် (တောင်သူ)
၁၂၉။ တိုင်းလွယ်
၁၃၀။ တိုင်းလျမ်
၁၃၁။ ထိုင်းလုံ
၁၃၂။ တိုင်းလေ့
၁၃၃။ မိုင်းသာ
၁၃၄။ မောရှမ်း
၁၃၅။ ဝ

ဘီလ် ကိတ် (bill gate)



ဘီလ် ကိတ် (bill gate)
ကျွန်တော်တို့ အသက်ရှင်နေထိုင်ရာ ဤကမ္ဘာကြီးပေါ်၌ ဥစ္စာဓနကြွယ်ဝဆုံး၊ အချမ်းသာဆုံး ပုဂ္ဂုလ် အဖြစ် ၁၁ နှစ်တိုင်တိုင် နေရာယူခဲ့ဖူးပါသည်။ သူပိုင်ဆိုင်သည့် ဒေါ်လာငွေစက္ကူများကို
ဆက်ကြည့်လိုက်လျှင် လနှင့် ကမ္ဘာကြား ၆ ခေါက်လောက် ဆက်မှ ကုန်သွားမည်ဟု
ဆိုပါသည်။ သူလျှောက်လှမ်းသွားရာ တစ်နေရာ၌ တစ်ဒေါ်လာတန်
ငွေစက္ကုတစ်ရွတ်ကျနေမည် ဟုဆိုပါအံ့။ သူ့အနေနှင့် လှမ်းကောက်ယူရန် မသင့်ဟု
ဆိုကြပြန်ပါသည်။ သူတစ်ဒေါ်လာတန်ကိုကောက်ယူရမည့် အချိန်မှာ တစ်စက္ကန့်လောက်
ကြာညောင်းမည် ဖြစ်ရာ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ၄ ဒေါ်လာလောက် ၀င်ငွေ
ရှိနေတော့ တစ်မိနစ် ဒေါ်လာ ၁၄၀။ တစ်နာရီ ဒေါ်လာ ၁၄၄၀၀။ တစ်ရက်ဆိုတော့ ဒေါ်လာ
၃၄၅၆၀၀၊ ဒေါ်လာ သုံးသိန်းခွဲနီးပါး။ ဒါ့ကြောင့်လဲ ၅၈ ဘီလျှံ ပိုင်ဆိုင်သူ
အဖြစ် ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ သူဆယ်စုနှစ်စွန်းသည်အထိ
ရှိနေခဲ့ခြင်းဖြစ်ပါလိမ့်မည်။ ထိုသူကတော့ ဘီလ်ကိတ် ကွန်ပြူတာ
ဆော့ဝဲလ်သူဌေးကြီး Bill Gates ။
ဘီလ်ကိတ်ကို အမေရိကန်နိုင်ငံ စီတယ်မြို့လေးမှာ မွေးသည်။ မွေးသက္ကရာဇ်က ၁၉၅၅-အောက်တိုဘာလ ၂၈ ။ အဖေက
ရှေ့နေ။ အမေက ကျောင်းဆရာမ ။ သူ့အထက်မှာတော့ အစ်မ နှစ်ယောက်ရှိပါသတဲ့ ။ ၁၉၇၃
ခုနှစ်မှာ ဟားဗတ်(Harvard) တက္ကသိုလ်သို့ သူတက်ရောက်သည်၊ ၁၆၃၆ ခုနှစ်ထဲက
စတင်တည်ထောင်ခဲ့သော ဟားဗတ် တက္ကသိုလ်မှာ သူက သချာင်္ကျောင်းသား ၊ သို့သော်လည်း
သူဘွဲ့ရသည် အထိ မတက်ခဲ့၊ အချိန်ကုန်သည်ဟုဆိုကာ
တစ်နှစ်ကျော်နှစ်နှစ်နီးပါးမှာ ကျောင်းထွက်ခဲ့သည်။၁၉၇၅ နှစ်ကိုရောက်တော့
ကမ္ဘာကျော် မိုက်ခရိုဆော့ (Micro Soft) ကွန်ပြူတာကုမ္ပဏီကို
တည်ထောင်ခဲ့ပါသည်။ သို့နှင့် ၁၉၇၀ နှစ်လွန်များက ဗိုလ်ဆွဲထားသော IBM
ကွန်ပြူတာ ကုမ္ပဏီကို ၁၉၉၀ အလွန်နှစ်များမှာ Bill Gates ၏ မိုက်ခရိုဆော့ က
ဘေးဖယ်ထုတ်ပြစ်နိုင်ခဲ့ပါတယ်။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Executive Chairman
ဘီလ်ကိတ်။
ဘီလ်ကိတ် အမေ ကျောင်းဆရာမက သူ့သား ဘီလ်ကိတ်အား ငယ်ငယ်လေးထဲက ဘ၀လမ်းညွှန်အဖြစ် ဆုံးမစကားတစ်ခုဆိုလေ့ ရှိခဲ့သည်။ ပရဟိတ လုပ်ပါတဲ့ ………
အမေ့စကားကြောင့်လားတော့မသိ ဘီလ်ကိတ်တို့ ဇနီးမောင်နှံက ၂၀၀၀ ပြည့်နှစ်တွင်
ဖောင်ဒေးရှင်းတစ်ခု တည်ထောင်လိုက်သည်။ Bill and Me Linda Gates Foundation ။
မတည်ငွေ ဒေါ်လာ ၃၇.၃ ဘီလီယံ ဖြစ်သည်။ ၂၀၀၄ ကိုရောက်လာတော့ ပရဟိတ ကို
စိတ်နှစ်လုပ်ဖို့ သူစဉ်းစားသည်။ ၂၀၀၆ မှာ မိုက်ခရိုဆော့ ကုမ္ပဏီကနေ
အလုပ်ထွက်ဖို့ သူဆုံးဖြတ်သည်။ ၂၀၀၈ ၊ ဇွန်လ ၂၈ ရက်နေ့တွင်တော့ တကယ့်ကိုပဲ
မိုက်ခရိုဆော့ကနေ သူအလုပ်ထွက်လိုက်ပါတော့တယ်။ သို့သော် Non- Executive
Chairman အဖြစ် တစ်ပတ်ကိုတစ်ရက်လောက် ကုမ္ပဏီအလုပ် လာလုပ်ပေးဖို့
သူသဘောတူခဲ့သည်။ အဓိက ဘ၀ အစိတ်အပိုင်းကတော့ ပရဟိတ လုပ်ငန်းတွေထဲမှာ
နှစ်မြှုတ်ဖို့။
ဘီလ်ကိတ်က အားလပ်ချိန်တော့မှာ Online ကနေ ဘူမိဗေဒ။ ရူပဗေဒ နှင့် သမိုင်း တို့ကို သင်ယူမည်ဟု ဆိုသည်။ သူက ပိုင်ဆိုင်ထားသော
ဒေါ်လာ ၅၈ ဘီလီယံ ကို အကုန်လှူမည်ဟု ကြေငြာထားသည်။ သူ၏ သား နဲ့ သမီးကိုပင်
အမွေမပေး ။ ပညာသင်ပေးထားပြီးဖြစ်၍ လုံလောက်ပါပြီတဲ့။ဘီလ်ကိတ်က ဌက်ဖျား နဲ့
AIDS တိုက်ဖျက်ရေးတွင် သူ့ငွေတွေ သုံးဖို့ အဓိက ရည်မှန်းသည်။ နောက် AIDS
ကာကွယ်ဆေးထုတ်ဖို့ ၊ ဆင်းရဲမှုတိုက်ဖျက်ရေး၊ ရေရရှိရေး၊
ပညာရေး၊လယ်ယာမြေဖွံဖြိုးရေး စသည်..စသည်များ အတွက် ။
ဒါ့အပြင်လောလောဆယ် ၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့နဲ့ ၃ ရက်နေ့များက တိုက်ခတ်သွားခဲ့သော
နာဂစ်မုန်တိုင်းလွန် သောကတွေ ၊မျက်ရည်စက်တွေ၊ ခြေလွတ်လက်လွတ်ဘ၀များစွာအတွက်
ဒေါ်လာ ၃သန်း ပေးလှူထားသည့် ဘီလ်ကိတ်။ တကယ့်တကယ်တမ်းတော့ အတ္တဟိတတွေနှင့်
ထူထူထဲထဲ ကျပ်ညပ်လျှက်ရှိနေသော ဤလောက ထဲမှာ ပရဟိတ စိတ်ရှိဖို့ဆိုတာ
တော်တော်လေးခဲယဉ်းပါတယ်၊ အရိုးအရင်းလေး အကြွင်းအကျန်လေးများကိုသာ
ပေးချင်သူက တော်တော်များပါတယ်၊ အကြွင်းမဲ့ ပေးဆပ်ဖို့ဆိုတာ မဟာဒုလ္လဘတရား၊။
အခု ၅၈ ဘီလီယံတဲ့ ၊ရှိတာ အကုန်တဲ့ မျက်ရည်မခြောက်သော ကမ္ဘာ့သားများအတွက်တဲ့
။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Window System ထက် ဘီလ်ကိတ်၏
လူသားအကျိုးပြုနှလုံးသားကို ကမ္ဘာက မှတ်တမ်း တင်ထားခဲ့ပြီ ဖြစ်ပါသည် ………
နည်းပညာ
ကွန်ပျူတာကိုမြန်ဆန်စေမည်.နည်း(၅)နည်း
gmail အသုံးပြုနည်းစာအုပ်
website ပြုလုပ်နည်း
igoogleအသုံးပြုနည်း
website အကြောင်းသိကောင်းစရာ
gtalkမှာtheme လှလှလေးတွေပြောင်းတင်မယ်
network ပိုင်းစိတ်ဝင်စားသူများအတွက်
gmail ထဲမှာလိုချင်တဲ.မေးကိုမြန်မြန်ရှာမယ်
google alert အသုံးပြုနည်း
google buzz အသုံးပြုနည်း
ကွန်ပျူတာဗိုင်းရပ်စ်ဆိုတာဘာလဲ
gtalkမှာတင်ဖို.custom message များ
gtalkအကောင်.ဖျက်နည်း
Facebook အတွက်သိထားရမယ်.အချက်(၈)ချက်
လက်ကိုင်ဖုန်း၏ပျောက်ကွယ်နေသောသော.ချက်များ
softwareဆိုတာဘာလဲ
ကွန်ပျူတာဆိုတာဘာလဲ
websiteဗဟုသုတ

ဗဟုသုတ
ကျောက်မျက်ရတနာများ၏စွမ်းအင်
မရောင်.ရဲနိုင်ကြသူများ
ကောသလမင်းအိမ်မက်(၁၆)ချက်
ဓနဥပဒေသငါးရပ်
မိစ္ဆာစာရ ကံ အကြောင်းသိကောင်းစရာ
ပျက်စီးဆုတ်ယုတ်နေသောယောကျာင်္းအကြောင်း
မြန်မာနိုင်ငံမှာဘာလို.
မိုးကြိုးပစ်သံကိုအမြဲတစ်စေကြားကြပါစေ
ငွေရှိတိုင်းမဖြစ်နိုင်သောအရာများ
ကံကောင်းစေသောအကြံပေးချက်များ
ဘ၀ရဲ.အကောင်းဆုံးအချိန်ကာလများ
မဖမ်းကောင်းတဲ.ငါး
ဖယောင်းတိုင်၏ဆိုးကျိုး
မီးပျက်ခြင်း၏ အကျိုးကျေးဇူး(၂၀)
လင်ကွန်း၏ မဆယ်လုံး
ကမ္ဘာဦးအစလူသားဖြစ်ပေါ်လာပုံ
စကားကြီး(၁၁)ခွန်း
ရွှေတိဂုံစေတီတော်ပေါ်မှထူးခြားသောကိုးဌာန
တစ်နေ.နေ.
ချစ်သူတိုင်းသိထားသင်.သည်.အချက်များ
အင်တာနက်ကိုသုံးတတ်ရင်
သွေးအမျိုးအစားကပြောသောဗေဒင်
မွေးဂဏန်းဗေဒင်
ပီမိုးနင်းပြောသောအချစ်ဒသန
အချစ်နှင်.အိမ်ထောင်ရေး
ရင်ဘတ်ထဲမှထုတ်ပစ်ကြစို.
အာဇာနည်နေ.
လောကမှာတန်ဖိုးအရှိဆုံးအရာတွေဟာအခမဲ.
မိန်းကလေးများနားလည်နိုင်ကြပါစေ
အချစ်မီတာ
ဘွဲ.ရများအလုပ်အကိုင်မရခြင်းအကြောင်း
ဗေဒင်တွက်ကြည်.ရအောင်
ယောကျာင်္းလေးများမိန်းမရပြီးနောက်ဘယ်လိုဖြစ်သလဲ
အောင်မြင်သူနှင်.ရှုံးနိမ်.သူ
မြေငလျှင်လှုပ်စဉ် ဆောင်ရန်ရှောင်ရန်အချက်များ
၉၀% သော ယောက်ျားများ
ယောကျာင်္းလေးများကြောက်သောမိန်းကလေးအမျိုးအစားများ
မိန်းကလေးနှင်.ယောကျာင်္းလေးကွာခြားချက်
ပျော်ရွှင်ခြင်း၏လျှို.၀ှက်ချက်များ
ကြိုးစားအားထုတ်နေသမျှသင်မရှုံး
ကျွန်တော်.အသဲကိုရောင်း၍မရတော.ပါ
သက်ရင်.ကမ္ဘာ
ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရ...
လူမိုက်
ခောတ်သစ်ရန်ပွဲ
အင်တာနက်သမိုင်းကြောင်း
ပန်းဆယ်မျိုး
နပိုလီယန်နှင်.သားမွှေးဆိုင်ရှင်
ဆပ်ကပ်
ပေးဆပ်ခြင်းဆိုတာ
လောကနီတိ
လမ်းမသိသောယင်ကောင်
ကလေးအတွေး(၁)
ကလေးအတွေး(၂)
ဘယ်လောက်ချမ်းသာရင်ဇိမ်နဲ.နေနိုင်မလဲ
တစ်ထောင်.တစ်နေရာ
အဖေနဲ.ကျွန်တော်
အဖေ
ကွတ်ကီးသူခိုး
သင်.ဘက်ပါအောင်လုပ်နည်း(၁၂)နည်း
လုပ်ငန်းခွင်ဝင်နေကြသူများဖတ်ရန်
ပန်းနှင်.ပြောသောချစ်သူတို.၏စကားများ
သင်တို.ကြိုက်သောသစ်သီးများနှင်.သင်တို.၏အိမ်ထောင်ရေး
ကလေးအတွေး(၃)
ဧဒင်ဥယျာဉ်၏ပထမဆုံးလူသားအာဒံ


ကဗျာ
သော.မရှိတဲ.မြို.
ထိုင်းနိုင်ငံရောက်မြန်မာများရဲ.ဘဝ
အဲ.ဒီနေ.က
လက်ဆောင်


တရားတော်များ
မြတ်ဗုဒ္ဓ၏တရားဦး
ဒေါသနည်းအောင်နေနည်း
ကမ္ဘာအစ
အလကားကောင်တွေအတွက်ဗုဒ္ဓရှင်တော်ရဲ.သုံးသပ်ချက်


ဆေးပညာ
ဝက်ခြံပျောက်ချင်လျှင်
ဆီးချိုရောဂါ ဝေဒနာရှင်များ အတွက် အစားအစာအညွှန်း
Date Rape Drugs ....... (အမျိုးကောင်းသားသမီး များအတွက် သတိထားသင့်သည...
ဂရုပြုစရာအရေပြားရောဂါနှင်.ကာကွယ်ကုသနည်း
အနမ်းနှင်.ကျန်းမာရေး
အင်တာနက်ကျန်းမာရေး
CARPAL TUNNEL SYNDROME ရောဂါ မဖြစ်အောင် mouse နှင့် keyboard ကို နည...
အချိုရည် အလွန်အကျွံသောက်ပါက အလျင်အမြန် အိုမင်းရင့်ရော်နိုင်
အိမ်ထောင်သည်များက လူပျို အပျိုတို့ထက် ကျန်းမာရေးကေ...
ဆံပင်အကြောင်းသိကောင်းစရာ
အချစ်ရေး၌ ရှုံးနိမ့်ရသော အခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိ...
ချစ်ခြင်းမေတ္တာနှင်.ကျန်းမာရေး
ရေနွေးကြမ်းနှင်.ကျန်းမာရေး
ဦးနှောက်ကျန်းမာရေး


ဟာသများ
ကွန်ပျူတာကျောင်းမှဟာသများ
တစ်ပတ်အတွင်းပြည်တွင်းပြည်ပသတင်းများ
ဟာသလေးများ
ရယ်စရာသတင်းများ
ဟာသ
ရယ်သာရယ်
ခောတ်သစ်သူငယ်တန်းဖတ်စာ
သာဓုနဲ.ပါပု
fwd ဟာသများ
မနဲ.မောင်ချစ်နံပါတ်တစ်
ဝမ်းနည်းပါတယ်အပါအ၀င်ဟာသများ
နှစ်ဦးသဘောတူအပါအ၀င်ဟာသများ
ကိုယ်နဲ.ချွတ်စွပ်တူသူကိုအွန်လိုင်းကရှာရအောင်
ယောကျာင်္းစစ်မစစ်စမ်းကြည်.ရအောင်
သားနဲ.အမေပေးစာများ


သတင်းများ
စ်အင်တာနက်လိုင်း နှေးကွေးသဖြင့် လုပ်ငန်းများ ထိခိုက်
မြန်မာလုပ်သားတထောင်ကျော်ထိုင်းတွင်ဆန္ဒပြ
ရန်ကုန်တိုင်းတွင်ထိုင်းပစ္စည်းများပြတ်လတ်ဈေးထိုးတက်<
/a>
အများပြည်သူသုံး တယ်လီဖုန်း များ ပုဂ္ဂလိကသို့ လွှဲပြောင်း မည် ဆိုသည်မှ...
ဘွဲ.နှင်.လျော်ညီသောအလုပ်အကိုင်ရရှိမှုနည်းပါး
ပုဂ္ဂလိပိုင် လွှဲပြောင်းရေး ဘာလဲ၊ ဘယ်လဲ
နေပြည်တော်ရှိ ကျပ်ငါးသိန်းတန် ဖုန်းများကို တစ်နိုင်ငံလုံးအနှံ့ သယ်ေ...
GSM သုံးသူများ CDMA 800 ကို ပြောင်းသုံးလာ
ငွေလဲလှယ်နှုန်းကို အွန်လိုင်းတွင် အခမဲ့မေးနိုင်
မဲဆောက်-မြ၀တီတံတား ဖွင့်နိုင်ချေ မျှော်လင့်ချက်သာ ရှိသေး
၂၀၁၁ ခုနှစ်အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ထွက်ရှိ
မြန်မာနိုင်ငံမှာမော်ဒယ်တွေဝင်ငွေကောင်းနေပြီလား

ဘာသာစကား



ဘာသာစကား
ဘာသာစကား တစ်ခုရယ်လို့ ဖြစ်လာပြီ ဆိုရင် ဝေါဟာရ ပြည့်စုံဖို့အတွက် စကားလုံး အသစ်တွေတီ ထွင်ရသလို နီးစပ်ရာအင်အားကြီး ဘာသာစကား တစ်ခုခုကနေ ရှိနှင့်ပြီးသား သူတို့ရဲ့ စကားလုံးက ကောက်ယူမွေးစား ကြတာလည်း ရှိပါတယ်။မြန်မာစာပေရယ်လို့ ဖြစ်လာတာ တကယ်တမ်းပြန်တွက်ကြည့်ရင် နှစ်ပေါင်း (၁၀၀၀) တစ်ထောင် မပြည့်သေးပါဘူး။ ဒါမြန်မာစာဟဲ့ ဆိုပြီး လက်ညိုးထိုးပြနိုင်တဲ့ ကျောက်စာက အေဒီ ၁၁၁၃ မှာ ရေးထိုးတဲ့ မြစေတီကျောက်စာမှာ အစောဆုံးတွေ့ရတာပါ။ပြန်တွက်ကြည့်ပါ။ နှစ်ပေါင်း (၈၉၅) နှစ်ပဲ ရှိပါသေးတယ်။ ပညာရှင်တွေရဲ့ယူဆချက်ကတော့ကျန်စစ်မင်းလက်ထက်မှာမှ မြန်မာစာ ဆိုတာကို စံနှုန်းတစ်ခုနဲ့ ဖြစ်လာဖို့ ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမယ့် မွန်ပညာရှင်တွေဟာ အေဒီ ၅ ရာစုကတည်းက အိန္ဒိယတောင်ပိုင်းအက္ခရာတစ်ခုဖြစ်တဲ့ပလ္လ၀အက္ခရာကို အခြေခံပြီး မွန်အက္ခရာတွေကို တီထွင်ခဲ့ကြပါတယ်။ ဒါကြောင့်ကျန်စစ်မင်းလက်ထက်မြန်မာအက္ခရာတွေ ပြုစုကြတဲ့ အချိန်မှာ အဲဒီခေတ်အခါက သြဇာအရှိဆုံးဘာသာစကားဖြစ်တဲ့မွန်ဘာသာရဲ့ အက္ခရာအတော်များများကို မူရင်းအတိုင်း မွေးစားယူခဲ့ကြတယ်။ အက္ခရာတင်လားဆိုတော့မဟုတ်ပါဘူး။ စကားလုံး အတော်များများကိုလည်း ယဉ်ကျေးမှု မြင့်မားပြီး ဖြစ်တဲ့မွန်တွေဆီကနေမွေးစားယူခဲ့ကြတယ်။ ကျနော်တို့ တွင်တွင်ကြီး သုံးနေတဲ့ စကားလုံးအတော်များများဟာမွန်စကားလုံးတွေပါလား ဆိုတာကို ဒေါက်တာမင်းတင်မွန် ရဲ့ မွန်-မြန်မာစာပေပေါင်းကူးဆိုတဲ့စာအုပ် ဖတ်လိုက်ရမှ အသိပညာ တိုးပွားလာတာကြောင့် ချစ်သူငယ်ချင်း တွေလည်း သိစေချင်တဲ့ ဆန္ဒနဲ့ထပ်ဆင့်ကူးယူ တင်ပြလိုက်ပါတယ်။ စကားလုံးတွေ အများကြီး ရှိပေ မယ့် ထင်သာမြင်သာရုံလောက်ပဲတင်ပြနိုင်တာမို့အနည်းအကျဉ်းပဲ ဖော်ပြလိုက်ပါတယ်။ အသိပညာ တိုးပွားနိုင်ပါစေလို့ ........
ဓါးပြ - ဓါးပြကာ ဆိုးသွမ်းသောကြောင့် “ဓါးပြ” ဟုလည်းကောင်း၊ ချွန် “မြ” သော “ဓါး” ကို ကိုင်ဆောင်၍ ဆိုးသွမ်းသောကြောင့် “ဓါးမြ” ဟုလည်းကောင်း၊ အကြောင်းပြကြသည်။ ထိုအကြောင်းပြချက်များထက် မွန်စကား “ဒမ္လ” မှ ဆင်းသက်လာသည်ဟု ယူဆလျှင် ပို၍ သင့်လျော်ပါသည်။ “ဒမ္လ” ကို မွေးစားခဲ့သည့်အတွက် “ဒမြ” ဟု အသံထွက်၍ ရွတ်ဆိုနေခြင်း ဖြစ်ပေသည်။

တလား - မွန်ဘာသာ၌ “တလာ” (အသံထွက် - တလား) သည် “သေတ္တာ” ဟု အဓိပ္ပာယ်ရပါသည်။ သေတ္တာပုံရှိသော ဗုံတူရိယာကို “ဗာတ်တလာ” ဟုခေါ်သည်။ ယင်းတူရိယာကို မြန်မာတို့က “ပတ္တလား” ဟု ခေါ်ပါသည်။ မွန်စကားလုံး “တ္လာ” နှင့် မြန်မာ “သစ်” ကို ပေါင်းလိုက်သောအခါ “သစ်တ္လာ”၊ ထိုမှတစ်ဖန် “သေတ္တာ” ဟု ဖြစ်လာဖွယ်ရှိပါသည်။

သင်းပိုင် - “သင်း” တစ်လုံး “ပိုင်” တစ်လုံး အဓိပ္ပာယ် ကြံယူလျှင် သင်းပိုင်၏ အဓိပ္ပာယ်ကို မရပါ။ သင်းပိုင်သည် ပါဠိမှ ဆင်းသက်သည်လည်း မဟုတ်ပါ။ နံငယ်ပိုင်းကဲ့သို့သော ခါးဝတ်ပုဆိုးကို “သပိုင်” ဟု မွန်တို့က သမားရိုးကျ ခေါ်ဆိုခဲ့ကြသည်။ သင်းပိုင်ကိုလည်း “သပိုင်” ဟုပင် ယခုတိုင် ခေါ်ဆိုနေပါသည်။ ထို “သပိုင်” မှ “သင်းပိုင်” ဖြစ်လာသည်ဟု ယူဆသင့်ပါသည်။

ကနုသင်း၊ ခရုသင်း - ခရုကို မွန်တို့က “ကနု” ဟု ခေါ်သည်။ ကနုသင်း (၀ါ) ခရုသင်းဟူသော ဝေါဟာရသည် မွန်တို့အခေါ် “ကနုသင်” မှ ဆင်းသက်လာသည်ဟု ယူဆရပါသည်။ “သင်” သည် ကမ်းခြေဟု အဓိပ္ပာယ်ရပါသည်။ ပင်လယ်ကမ်းစပ်၌ တွေ့ရသော ခရုတစ်မျိုးဟု အဓိပ္ပာယ် ရပါသည်။

ခရုကမာ - မွန်ဘာသာ၌ ရေကန်ကို “ကမာ” ဟုခေါ်သည်။ ရေကန်ခရုကို “ကနုကမာ” ဟု ခေါ်သည်။ ယင်းအခေါ်မှ “ခရုကမာ” ဆင်းသက်လာသည်မှာ ထင်ရှားပါသည်။

အိတ်ထောင် - ရှပ်အင်္ကျီတွင် ထောင်နေသော အိတ်ဖြစ်၍ “အိတ်ထောင်” ခေါ်သည်ဟု မယူဆစေလိုပါ။ အိတ်ကို မွန်တို့က “ထိုင်” (အသံထွက် ထောင်း) ဟု ခေါ်ပါသည်။ ထို့ကြောင့် “အိတ်ထောင်” သည် မြန်မာ “အိတ်” နှင့် မွန် “ထိုင်” တို့ ပေါင်းစပ်ရာမှ ဖြစ်လာသည်ဟု ယူဆစေလိုပါသည်။ အိတ်ကို မွန်တို့က “ထိုင်” (အသံထွက် ထောင်း) ဟုခေါ်ပါသည်။ ထို့ကြောင့် “အိတ်ထောင်” သည် မြန်မာ “အိတ်” နှင့် မွန် “ထိုင်” တို့ ပေါင်းစပ်ရာမှ ဖြစ်လာသည်ဟု ယူဆစေလိုပါသည်။

လက်ကောက် - လက်၌ ၀တ်သောတန်ဆာကို “လက်ကောက်” ဟုခေါ်ပြီး ခြေ၌ ၀တ်သောတန်ဆာကို “ခြေကောက်” ဟု မခေါ်ဘဲ “ခြေကျင်း” ဟု ခေါ်သည်မှာ ဆန်းနေပါသည်။ အမှန်မှာ “ကောက်” သည် မွန်ဝေါဟာရ “လကံက်” (အသံထွက် - လကောက်) ကို မွေးစားထားခြင်း သာဖြစ်သည်။ လက်ကောက်ကို မွန်တို့က “လကံက်တဲ” ဟု ခေါ်ပါသည်။ “တဲ” မှာ “လက်” ဖြစ်ပါသည်။

အကောက်အခွန် - မြန်မာ “အကောက်” သည် မွန် “အကံက်” နှင့် အသံတူ အဓိပ္ပာယ်တူ၍ မြန်မာ “အခွန်” သည် မွန် “အခေါန်” နှင့် အသံတူ အဓိပ္ပာယ်တူပါသည်။ နိုင်ငံအုပ်ချုပ်ခြင်း၊ အခွန်အကောက် စည်းကြပ်ခြင်းတို့ကို မွန်တို့က ဦးစွာ ဆောင်ရွက်သူများဖြစ်၍ “အကောက်အခွန်” သည် မွန်တို့၏ “အကံက်အခေါန်” ကို မွေးစားထားသည်ဟု ယူဆသင့်ပါသည်။

ဘုဘမသိ - ဘုနှင့်ဘကို မခွဲခြားတတ်ခြင်းကို အခြေခံ၍ ဘုမသိဘမသိ ဖြစ်ပေါ်လာသည်ဟု ယူဆလျှင် အလွန်တိမ်သော ယူဆချက်ဖြစ်ပေမည်။ အမှန်မှာ “ဘုမသိ ဘမသိ” ကို “ဗုမသိ ဗမသိ” ဟု ရေးသင့်ပါသည်။ မွန်ဘာသာတွင် အဖြူကို “ဗု” ဟုခေါ်၍ အမဲကို “ဗစံက်” ဟုခေါ်သည်။ အဖြူမသိ အမဲမသိသည့် သဘောကို “ဗုဗဟွံတီ” (ဗုဗမသိ) ဟု ဆိုကြပါသည်။ ဗ မှာ ဗစံက်၏ ရှေ့စကားလုံးဖြစ်သည်။

ဗုန်းဗောလအော - အလွန်များပြားခြင်း၊ အဖိတ်အစင်ဖြစ်အောင် ပေါများခြင်းတို့ကို “ဗုန်းဗောလအော” ဖြစ်သည်ဟု ဆိုကြပါသည်။ မွန်ဘာသာတွင် ဤအဓိပ္ပာယ်နှင့် အသုံးပြုသော စကားလုံးနှစ်လုံး ရှိပါသည်။ “ဗုန်ဗ၀်” (ဗုံးဗော) နှင့် “ဗ၀်အ၀်” (ဗောအော) တို့ ဖြစ်ကြသည်။ ယင်းဝေါဟာရ နှစ်လုံးကို ပေါင်းစပ်၍ “ဗုန်းဗောလအော” ကို တီထွင်ခဲ့သည်ဟု ယူဆလျှင် သင့်မြတ်ပါသည်။

ပြတင်း - ခေါင်းပြူထွက်ကာ ကြည့်သောအပေါက် ဖြစ်၍ “ပြူတင်းပေါက်” ဟု အချို့က ဆိုကြသည်။ မဖြစ်တန်ရာပါ။ ပြတင်းပေါက်ဟု အဓိပ္ပာယ်ရသော မွန်ဝေါဟာရ “ဗတင်” မှ “ပြတင်း” ဖြစ်လာသည်ဟု ယူဆလျှင် သင့်မြတ်ပါသည်။

စစ်ကဲ၊ သူရဲ - ဤဝေါဟာရများသည် မွန်ဘာသာ “စက်ကဲာ” နှင့် “သရဲာ” အသီးသီးတို့မှ ဆင်းသက်လာသည်ဟု ယူဆရပါသည်။ နိုင်ငံ အုပ်ချုပ်မှုဆိုင်ရာတွင် မွန်က မြန်မာထက် စောသည်ကို မမေ့သင့်ပါ။
ဤတွင် “စာပေတန်ဆောင်” စာမျက်နှာ ၄၆၀ ၌ ပါမောက္ခ ဦးချမ်းမြ ရေးသားထားသည့် စာပိုဒ်တစ်ခုဖြင့်
နိဂုံးချုပ်လိုပါသည်။
အထက်ပါ မွန်စကားလုံးများကို မြန်မာတို့က ကောက်ယူမွေးစား သုံးထားကြောင်းကို သာဓကပြရာ၌ အရေးကြီးသော ထင်ရှားသော စကားလုံး အချို့ကိုသာ တင်ပြထားခြင်း ဖြစ်ပါသည်။ စင်စစ်ဆိုသော် မြန်မာစကားရင်းများတွင် များပြားလှစွာသော မွန်စကားတို့သည် မြန်မာစကားအသွင်ဖြင့် ရပ်တည်လျက် ရှိနေပါသည်။ အချို့မှာ မွေးစားထားသည်ဟု ဆိုရစေကာမူ မွေးစားထားသည် ဟူ၍မျှပင် မရိပ်မိ မသိရှိရလောက်အောင် မြန်မာစကားဖြစ်၍ နေကြပါသည်။ ဤသို့ မြန်မာစကား၌ မွန်စကားတို့ ရောယှက် ပါဝင်နေသည်ကို ထောက်သည်ရှိသော် ရှေးအခါက မွန်နှင့်ဗမာတို့သည် မည်မျှ ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံလာကြသည်ကို တွေးတောကြည့်နိုင်ပါသည်။ နှစ်ပေါင်းများစွာ အုပ်စည်းမပျက် ပေါင်းသင်းနေထိုင်လာကြပြီး တစ်ဦး၏ပစ္စည်းကို တစ်ဦးက မည်သို့ပင် သုံးစွဲယူငင်စေကာမူကျေကျေနပ်နပ် ချစ်ချစ်ခင်ခင်နှင့် ပေးကမ်းသုံးစွဲ လာကြကြောင်းမှာ ထင်ရှားပါသည်။ မွန်နှင့်ဗမာတို့သည် တစ်ဦးနှင့်တစ်ဦး သားချင်းသမီးချင်း ဖလှယ်၍ ကောက်ယူမွေးစားလာသကဲ့သို့ သွေးချင်းနှော၍ ဆွေးမျိုးတော်စပ်လာကြသည်ကို ထောက်ထားလျက် မည်သည့်အခါမျှ စိတ် မပျက်ဘဲ “မွန်ဗန်မာ” ဟူသော စကားသည် ဆက်လက်၍ အဓွန့်ရှည်စွာ တည်နေပါစေသတည်းဟု ဆုတောင်းရပါကြောင်း ..... ။

နိုဝင်ဘာ ၁၄ ရွှေဂုံတိုင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အပြည့်အစုံ အပိုင် (၁) (၂)



နိုဝင်ဘာ ၁၄ ရွှေဂုံတိုင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အပြည့်အစုံ အပိုင် (၁) (၂)
ကြားလား

ဝလာလိုက်တာ။ ( ပရိသတ်တစ်ယောက်ကို လက်ညှိုးထိုး၍)

ဒီလို ကျွန်မတို့ကို လာထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့စကားနဲ့ပဲ စ,ပါရစေ။ပထမဦးဆုံးအနေနဲ့ ပြောရမှာက အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

တစ်ယောက် တစ်ယောက်ကို မတွေ့ရတာ တော်တော် ကြာပါပြီ ---- ဒါပေမယ့် ဘယ်လောက်ပဲ မတွေ့ရတာ ကြာကြာ ကျွန်မအပေါ်မှာ ပြည်သူတွေရဲ့ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက် အရ ကျွန်မတို့ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတာ တွေ့ရလို့ အင်မတန်မှ စိတ်ချမ်းသာ ပါတယ်၊ အင်မတန်မှ အားတက် ရပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ဆိုရင် ပြည်သူတွေက ဘာလိုချင်လဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သိတယ်လို့ ထင်တယ်နော် ဘာလိုချင်လဲဆိုတာ

(သိပါတယ် ----ဒီမိုကရေစီ--------- ပြည်သူများ)

လိုချင်တာတော့ သိပြီ လိုချင်တဲ့ ဟာကို ရအောင် ဘယ်လို လုပ်မလဲ ဆိုတာ သိဖို့ ပိုပြီးတော့ အရေးကြီးတယ်။ ကျွန်မ အမြင်မှာတော့ နိုင်ငံရေး ဆိုတာ သင်ယူရေးပဲ *သင်ယူရမယ်* ကျွန်မ ခဏ၊ ခဏ ပြောဖူးပါတယ်။ ကျွန်မတို့ လူငယ်တွေနဲ့ စကား ပြောတဲ့အခါ ကျရင် လူကောင်းရယ်လို့၊ လူဆိုးရယ်လို့ အဲဒီလို မယုံဘူး၊ အယုံ အကြည် မရှိဘူး၊ လူတော် ရယ်လို့ လူညံ့ ရယ်လို့ အယုံ အကြည် မရှိဘူး။

သင်လို့ ရတဲ့သူနဲ့ သင်လို့ မရတဲ့သူလို့ ကျွန်မမြင်ပါတယ် ကျွန်မတို့ ပြည်သူတွေ သင်လို့ရတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ လိုချင်ရုံနဲ့ မဖြစ်သေးဘူး၊ ကိုယ်လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲ။ လုပ်တဲ့အခါ မှန်ကန်တဲ့နည်းနဲ့ လုပ်စေလိုပါတယ်။ အဲလို ကျွန်မပြောတာဟာ မှန်ကန်တဲ့နည်းနဲ့ လုပ်ဖို့ ဘာဖြစ်လို့ လိုသလဲဆိုရင် သိပ်ပြီးတော့ ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီး၊ ဘာကြီး ဒီလိုပုံစံ ထွက်ချင်လို့ မဟုတ်ဘူး။ ကျွန်မရဲ့အတွေ့အကြုံအရ မှန်ကန်တဲ့ နည်းလမ်းနဲ့ မလုပ်လို့ရှိရင် ကိုယ့်ပန်းတိုင်က ဘယ်လောက်ပဲ ကောင်းပါစေ ပန်းတိုင်ပါ နောက်ကျတော့ ကွေ့ကောက်ပြီးတော့ ပျက်စီးသွားရတယ်။

အဲဒါကြောင့် မို့လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကိုယ်လိုချင်တာ ရအောင်လို့ ကျွန်မတို့ လုပ်ရမယ်။ ဒီတော့ တစ်ချို့က ကျွန်မကို မေးချင်တဲ့ မေးခွန်းတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကလည်း ပြည်သူရဲ့ အသံကို နားထောင်ချင် ပါတယ်။ ခက်တာက အားလုံးဝိုင်းအော် နေတော့ ဘာတွေ ပြောကြမှန်း ကျွန်မမသိဘူး။ ပြည်သူတွေရဲ့ အသံတွေကို အခု နားထောင်ပိုင်ခွင့် ရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီလို အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ်။ တစ်နေ့ ငါးနာရီ၊ ခြောက်နာရီလောက် နားထောင်နေရတော့ ဘယ်လောက် ငြီးငွေ့စရာကောင်းသလဲလို့။ ဒါပေမယ့် ပြည်သူ့မျက်နှာနဲ့ နားထောင်နေတာ။

အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ

ပြည်သူတွေ ဘာလိုချင်လဲ ဆိုတာ ကျွန်မ အတိုင်းအတာ တစ်ခုအထိတော့ သိတယ်လို့ ထင်ပါတယ်။ လုံးစေ့ပေါက်စေ့ သိတယ်လို့ ကျွန်မ မဆိုလိုပါဘူး အဲဒီလောက်ထိလည်း ကျွန်မ မသိနိုင်ပါဘူး။ ကျွန်မတို့ ပြည်သူတွေကလည်း ကိုယ်ရဲ့အသံတွေကို ကျွန်မတို့ ကြားလောက်အောင် ပြောကြပေါ့။ ဒါမှလည်း ကျွန်မတို့ ဘာလုပ်ပေးနိုင်မလဲ ပိုစဉ်းစားနိုင်မယ်။ အရေးကြီးဆုံးက ကျွန်မတို့ --- နောက်က မကြားရလို့ အော်နေကြတာလား-- အော်လေ မကြားလေဘဲ နည်းနည်းလေး ငြိမ်ငြိမ်နဲ့ နားထောင်ပေး။ ကိစ္စမရှိဘူး မကြားရရင် ဆိုင်းဘုတ်ထောင်ပြီး ပြမယ်။

(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် (အမှန်ခြစ်ပုံ) အောင်ဆန်းစုကြည်)

ကျွန်မတို့ အခု ပြည်သူတွေမှာ ပြည်သူတွေ မပါဘဲနဲ့ ဘာကိစ္စမှ မပြီးမြောက်နိုင်၊ မပြီးပြတ်နိုင်ဘူး ဆိုတာ အခု နားလည်နိုင်ပြီလို့ ကျွန်မ ထင်ပါတယ်။ ပြည်သူတွေ ပါမှပဲ ဘယ်ကိစ္စမဆို ပြီးပျောက်နိုင်တာမို့လို့ ကျွန်မတို့ တစ်တွေ ကျွန်မ စိတ်ကူးထဲမှာ ပြည်သူတွေ ကနေပြီးတော့ ပြည်သူတွေအတွက် ပြည်သူတို့ရဲ့ ဒီမိုကရေစီ ဆိုတဲ့နည်းတစ်ခုကို မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးမှာတောင် ထပ်ပြီး ကြိုးစားကြည့်မှာပါ။ အဲဒီလို စိတ်ဓာတ်နဲ့ ကျွန်မတို့ ကြိုးစားသွားမှာပါ။ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို အေးအေးဆေးဆေး မှန်မှန်ကန်ကန်နဲ့ ရောက်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ အဲဒါ ခပ်တိုတိုပြောရရင် အလုပ်တွေ အများကြီး လုပ်ရမယ်။ အလုပ်မလုပ်ဘဲနဲ့ ဘာမှမရဘူး။ ကျွန်မတို့ ဗမာတွေက ကံပဲ ကံပဲလို့ ပြောလေ့ရှိတယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ လူငယ်တွေကို ထပ်တလဲလဲ ပြောရတယ်။ ကံဆိုတဲ့ အဓိပ္ပါယ်ကို သိရဲ့လား ကံဆိုတာ ပြုလုပ်ခြင်းပဲ။ အဲတော့ ကံပဲ၊ ကံပဲဆိုတာ ခပ်တိုတို ပြောရရင် ကိုယ်လုပ်သလိုဖြစ်မှာပဲ အဲဒီတော့ ကိုယ်လုပ်တဲ့ အတိုင်းပဲ ဖြစ်မှာပဲ။ လိုချင်တာရှိရင် လိုချင်တာကို ရအောင်လို့ လုပ်ယူရမယ်။ ကျွန်မတို့က မဖြစ်နိုင်တဲ့ ကိစ္စတွေကို လုပ်ပေးပါ့မယ်လို့ လွယ်လွယ်နဲ့တော့ အဲဒီလို လာဘ်ပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မစည်းရုံးနိုင်ပါဘူး။ ကျွန်မတို့ ကြိုးစားမယ်။ ပြည်သူတွေ လိုချင်တဲ့ လမ်းကို အားလုံး အတူတူခင်းပြီးတော့ အားလုံး အတူတူ လျှောက်သွားနိုင်ဖို့ ကြိုးစားမယ်။

အဲဒီလို ထောက်ပြခြင်းအားဖြင့် ကျွန်မတို့ကိုလည်း ပြည်သူတွေက ကိုယ်လိုချင်တဲ့ ကိစ္စတွေ ဖြစ်မြောက် အောင်လို့ ကူညီရာရောက်ပါတယ်။ ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ဖို့ အတွက်ကတော့ ကျွန်မတို့ လေ့ကျင့်ယူရ ပါမယ်။ လေ့ကျင့်ယူရင်းနဲ့ ကျွန်မတို့ ပိုပြီး တတ်လာမှာပါ။ အခု ကျွန်မထွက်လာတဲ့ အချိန်မှာ အဓိက ပြောင်းလဲချက် အဖြစ် ဘာတွေ့ရလဲ ဆိုတော့ တစ်ခြားဟာတွေ သိပ်မတွေ့သေးဘူး။ တွေ့မိတာကတော့ ဖုန်းလေးတွေ အများကြီးပဲ။ ဟိုနားကြည့်လဲ ကင်မရာဖုန်းလေး၊ ဒီနားကြည့်လဲ ကင်မရာဖုန်းလေး။ အဲဒါဘာကိုပြလဲဆိုတော့ ဆက်သွယ်ရေး ဘက်မှာတော့ ကျွန်မတို့ အများကြီး တိုးတက်လာပါတယ်။ ဒီတိုးတက်မှုကို အများကောင်းကျိုး အတွက် တတ်နိုင်တဲ့ နည်းနဲ့ သုံးကြပါ။ ဆက်သွယ်ရေးအားဖြင့် ကျွန်မတို့ အချင်းချင်းမှာ နားလည်မှုရအောင် ကျွန်မတို့အချင်းချင်း ညီညွတ်မှု ရအောင် သုံးကြပါလို့ ပြောချင်တယ်။ ဖုန်းတွေ ပါလာရင် ထောင်ပြပေးကြပါ။ ဘယ်လောက် အများကြီး ရှိလဲ သိရအောင်။

(ဖုန်းပါလာသူများက ဖုန်းများ မြှောက်ပြကြသည်။)တော်တော်များတာပဲ။ ကျွန်မ မနေ့ကမှ ပထမဦးဆုံးအကြိမ် အဲဒီလိုဖုန်းလေး သုံးဖူးတယ်။ အရင် ၉၆ ခုနှစ်တုန်းက ဒါတွေ ဒီမှာမရှိသေးဘူး။ သုံးတဲ့အခါကြတော့ ပါးစပ် ဘယ်မှာ ထားရမှန်းမသိဘူး။ မကြားရဘူးဆိုတဲ့သူတွေကို စာသားနဲ့ ထောင်ပြမယ်။

(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် အမှန်ခြစ် အောင်ဆန်းစုကြည်)

ချစ်နေရုံနဲ့ မပြီးသေးဘူး။ အလုပ်လုပ်ရမှာ။ ကျွန်မစဉ်းစားတယ်။ ချစ်တယ်ဆိုတာ ဘာလဲ။ ချစ်တယ်ဆိုတာ တစ်ဦးပေါ် တစ်ဦး စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိပြီး အဲဒီ ဆန္ဒအရလုပ်မှ တကယ်ချစ်ရာရောက် ပါတယ်။ ပါးစပ်နဲ့ ချစ်ပါတယ်၊ ချစ်ပါတယ်။ ချစ်ပါတယ် ပြောလို့ကတော့ အရေခွံသာ ချစ်လိုက်တာမျိုးကတော့ ကျွန်မတို့က ကြက်ခြေခတ်ပဲ။

(မှန်လိုက်တာကွ - ပရိတ်သတ်ထဲမှ အသံ)

ပန်းကပေးရင်လည်း ပေးလိုက်လေ ဘာလို့ကိုင်ထားတာလဲ။(ပရိသတ် တစ်ဉီးထံတွင် ကိုင်ထားသော ပန်းစည်းကို လက်ညှိုးထိုးရင်းပြောကာ ထိုပရိသတ်က လက်ဆင့်ကမ်း လှမ်းပေးလိုက်သော ပန်းစည်းကို ဒေါ်အောင်ဆန်းစုကြည်ဘေးတွင် ရှိနေသူတစ်ဦးက ယူလိုက်သည်)

ကျွန်မတို့ အခု ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ စောစောက ကျွန်မ ပြောသလိုပဲပေါ့ ကိုယ်စိတ် ထဲမှာ ရှိတာတွေကို ကျွန်မတို့ကို အသိပေးပါ။ စာရေးပြီးတော့ ပို့လို့လည်း ရပါတယ်။ စာတိုက်ကို စိတ်မချရရင် ဒီမှာပဲ လာပေးပါ။(ပရိသတ်ထံမှ ရယ်သံများနှင့် လက်ခုပ်သံများ)

ပြည်သူတွေ ဘာတွေ စိတ်ထဲမှာ ရှိသလဲ ဆိုတာ ကျွန်မသိချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ပြည်သူ တွေရဲ့ စိတ်ထဲမှာ လူတွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ။ ဘယ်လိုဖြစ်နေမလဲ။ စိတ်ထဲမှာ ဘယ်လိုပြောင်း သွားသလဲ ဆိုတာ ကျွန်မသေသေချာချာ မသိလို့မရဘူး ချက်ခြင်းသိဖို့ဆိုတာမရဘူး။ ပြန်ပြီးတော့ လေ့လာရ ဦးမယ်။ ကျွန်မတို့ ပြည်သူတွေ တစ်ယောက်ချင်းနဲ့ စကားပြောဖို့ ဆိုတာလည်း တကယ်တမ်း လက်တွေ့ကျကျ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ရင်တော့ ပြောတာပေါ့။ ဖြစ်နိုင်ရင်တော့ကျွန်မ ထိုင်နားထောင်မယ်။ တစ်ယောက်ပြီး တစ်ယောက် မိုက်ပေးပြီးတော့ ပြောကြတော့။ အဲဒီလိုဆိုလည်း ပြီးမှာ မဟုတ်ဘူး။

ပြီးတော့ အဲဒီလိုပြောတာ တွေက ကျွန်မတော့ သဘောကျတယ်။ တစ်ယောက်ထဲ ထပြီး ပြောတာတွေက အင်မတန် ငြီးငွေ့စရာကောင်းတယ်။ ဟိုဘက် ပြန်ပြော။ ဒီဘက်က ပြန်ပြောဆိုတော့ ပိုပြီးတော့လည်း စုံတယ်။ပိုပြီးတော့လည်း အားလုံးအတွက် ပိုပြီးတော့လည်း အားလုံးအတွက် တန်ဖိုးရှိတယ်။တစ်ယောက်ထဲက ပြောတာကို ကျန်တဲ့သူတွေက နားထောင်နေရတာ တစ်ခါတစ်လေ ကျွန်မစိတ်ထဲမှာ နည်းနည်း ဒီမိုကရေစီ မကျလို့။(ရယ်သံနှင့် လက်ခုပ်သံများ) ကျွန်မတို့ သွားပြီးတော့ ဒီလူထဲက တစ်ယောက်ကို လက်ညှိုးထိုးပြပါမယ်။ ထပြီးတော့ စိတ်ထဲရှိတဲ့ ဆန္ဒကို ခပ်တိုတိုလေးပြောတော့။(ပရိသတ်ထဲမှ အများအပြား လက်ထောင်ကြသည်)

"အမေစုနဲ့ အတူ လွတ်လပ်တဲ့ ဒီမိုကရေစီကြီးကို ရယူပိုင်ဆိုင် ချင်ပါတယ် ခင်ဗျား" (ပရိသတ်ထဲမှ လူငယ်တစ်ဉီးက ထလာကာ အရှေ့ထွက်ပြီးပြော)

ကျွန်မတို့လေ တစ်နေ့ကျရင် ပြည်သူ့ဟစ်တိုင် တစ်ခုလုပ်ရမယ် အဲဒီတော့ အဲဒီမှာဆိုရင် ပြည်သူတွေက ပြောချင်တာ ပြောလို့ ရအောင်။ ကျွန်မတို့ကလည်း ပြည်သူတွေရဲ့ အသံတွေကို ကြား-- ဟိုဘက်က ဘာပြသနာရှိလဲ ကူညီလို့ရမလား။ အနောက်က တိုးနေလို့လား။(ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာချင်းဆိုင် ညာဘက်တွင်ရှိနေသော ပရိသတ်ဘက်ကို လှမ်းကြည့်ကာပြော)

"စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။"(ပရိသတ်များက အချင်းချင်း ညီညာစွာ အော်ပြောသံ)

သိပ်ပြီးတော့ မလောကြပါနဲ့။ နောက်ဆိုရင် ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အများကြီး စကားတွေ ပြောဖို့ အခွင့်အရေးတွေ ပေါ်လာမှာပါ။

ဒီတစ်ခါတည်း နဲ့ မဟုတ်ပါဘူး။ နောင် အကြိမ်ကြိမ် အခါခါ ရှိမှာပါ။ အဲဒီကျရင် စိတ်ရှည် လက်ရှည်နဲ့ သီးခံပေးကြပါ။ ဒီတစ်ခါ မကြားရမှ နောင်တစ်ခါ ပြန်လာမှာပေါ့။ တော်ကြာ ပြန်မလာဘဲ နေမယ်။ ကြာကြာ ပြောလို့ရှိရင် ပြည်သူတွေလည်း ပင်ပန်းမယ်လို့ ကျွန်မထင်ပါတယ်။ အနှစ်နှစ်ဆယ်ကျော်ပြီတဲ့ ပင်ပန်းတာ။ အဲဒီတော့ တော်တော်ကို ကျင့်သားရနေပြီပေါ့။

တော်တော် ပင်ပန်းနေကြပြီပေါ့ ပင်ပန်းတယ် ဆိုတာက ကိစ္စမရှိပါဘူး။ ပင်ပန်းရကျိုးနပ်ဖို့က အရေးကြီးတာ။ ပင်ပန်းရကျိုးနပ်တယ် ဆိုရင် ဘယ်လောက် ပင်ပန်းရ ပင်ပန်းရ ရတယ် ခံနိုင်တယ်။ အဲတော့ ကျွန်မတို့ရဲ့ အားတွေကို ပင်ပန်းရကျိုး နပ်အောင်လို့ အသုံးချရမယ်။ ကျွန်မအခု ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ ကျွန်မတို့ရဲ့ တိုင်းပြည်ကို ကြည့်ပြီး စိတ်ဓာတ်ကျချင် ကြတာ ဖြစ်မှာပဲ။ ရှိမှာပဲ။ အခုထက်ထိ ဘယ်မှ မရောက်သေး ပါလား။ အခုထက်ထိ ဘာမှလည်း တိုးတက်မှုမရှိပါလားဆိုတဲ့ စိတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ ကြိုးစားရမယ်။ ဝီရိယဆိုတာဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ခပ်ကြမ်းကြမ်းပဲ ဝီရိယထုတ်ရမယ်။

အလုပ်စလုပ်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် အလယ်ပိုင်းရောက်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် နောက်ဆုံးပိုင်း ရောက်ခါနီးမှာ ဝီရိယ ထုတ်ရမယ်။ အလုပ်ဆိုတာ ပြီးတယ်ရယ်လို့ မရှိဘူး။ အလုပ်တစ်ခု ပြီးရင်လည်း နောက်အလုပ်က ပေါ်လာမှာပဲ။ အဲတော့ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တယ် ဆိုတာလည်း အဲလိုပဲ အလုပ်တွေ တစ်ခုပြီး တစ်ခု လုပ်သွားရမှာ ဒီလောကကြီးမှာ ကျေနပ်စရာ၊ ကျေနပ်စရာ အချိန်တွေဆိုတာ ဘယ်တော့မှမရှိဘူး။ သို့သော်လည်း ကျွန်မတို့အတွက်တော့ ကျေနပ်စရာ အချိန်တွေ အတိုင်းအတာ တစ်ခုထိတော့ လိုကိုလိုတယ်။ အဲဒီလို ကျေနပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုအထိရောက်ဖို့တော့ အားလုံး ဝိုင်းတွန်းကြရမယ်။ မကြိုးစားဘဲနဲ့ မရဘူး။ ကျွန်မအနေနဲ့တော့ ကျွန်မကတော့ လုပ်ပေးမယ်လို့ ကျွန်မ မပြောနိုင်ဘူး။ ပြည်သူရဲ့ ယုံကြည်မှုရှိရင်၊ ပြည်သူရဲ့ အားကိုးမှုရှိရင်၊ ပြည်သူရဲ့ ထောက်ခံမှုရှိလို့ ရှိရင် ကျွန်မမှာ လုပ်အားတွေ အများကြီးတက်လာမယ်။ အဲဒီလုပ်အားတွေနဲ့ ပြည်သူနဲ့ အတူလုပ်မယ်။ ကျွန်မတစ်ယောက်ထဲတော့ လုပ်လို့မရဘူး။ ကျွန်မတစ်ယောက်ထဲလဲ မလုပ်ချင်ဘူး။ တစ်ယောက်ထဲလုပ်တယ် ဆိုတာ ဒီမိုကရေစီ မဟုတ်ဘူးနော်။

(ဟေး၊ ဟေး-------------------------------)

ကျွန်မ တစ်ယောက်ထဲ လုပ်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး။ အများနဲ့ အတူလုပ်မှာ။ ကျွန်မတို့ အပေါ်မှာ ကြင်နာမှု ရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ အတူ လုပ်မယ်။ ကျွန်မတို့ အားလုံး အတူတူ လုပ်မယ်။ တစ်ချို့တွေ ထင်သလို လက်သီးလက်မောင်း တန်းပြီးတော့ ရှေ့ကနေ ပြီးတော့ ဟီးရိုးကြီး လုပ်တာ။ အဲဒါမျိုးက သတ္တိ မဟုတ်ဘူး။ သတ္တိ ဆိုတာဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို ဖြစ်မြောက်အောင်လို့ ပင်ပန်းခံပြီးတော့ လုပ်နိုင်တာ။ ဒါမှ အဲဒီလို သတ္တိမျိုးတွေ မွေးရမယ်။ တကယ်တော့ သတ္တိဆိုတာ နိစ္စဓူဝ လုပ်နေရမှာ။ ကျွန်မတို့ ပြည်သူတွေက မနက် မိုးလင်းတာနဲ့ ဒီကနေ့ တစ်နေ့ကို ရင်ဆိုင်ဖို့ သတ္တိတွေ ထုတ်နေကြရမယ် မဟုတ်လား။ ဒီသတ္တိတွေကို အကျိုးရှိအောင်လို့ သုံးကြမယ်။ တကယ့်ကို ထိထိရောက်ရောက်နဲ့ ကျွန်မတို့ ပြည်သူတွေနဲ့ ကျွန်မတို့ နိုင်ငံအတွက် အကျိုးရှိအောင် သုံးရမယ်။ ကိုယ်တစ်ယောက်ထဲအတွက် စဉ်းစားဖို့ မဖြစ်ဘူး။ ကိုယ့်မိသားစု တစ်ခုတည်းအတွက် စဉ်းစားလို့မဖြစ်ဘူး။ ကျွန်မ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ အခုဒီမှာ ကျွန်မတို့ လာပြီးတော့ ကျွန်မတို့ ကို ထောက်ခံနေတာတင် နိုင်ငံရေးမဟုတ်ဘူး။ အိမ်မှာနေပြီးတော့ ဟင်းချက်နေတဲ့ အမျိုးသမီးလဲ နိုင်ငံရေး လုပ်နေရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ သူ့ရှိတဲ့ ပိုက်ဆံနဲ့ လောက်အောင် ချက်နေရလို့လေ။ အဲဒါလဲ နိုင်ငံရေးပဲ။ သားသမီးတွေ ကျောင်းနေနိုင်အောင် ရုန်းကန်ရတာလည်း နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးနဲ့ မလွတ်ဘူး။ အဲဒီတော့ နိုင်ငံရေးနဲ့ ဒို့နဲ့ မဆိုင်ဘူး။ ဒို့က နိုင်ငံရေးထဲ မပါချင်ဘူးလို့။ ပြောတာဟာ နိုင်ငံရေးကို နားမလည်လို့ ပြောတဲ့ ကိစ္စ။ ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ ကျွန်မတို့လည်း သင်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် သင်ယူရမှာ။ ပြည်သူကနေ ကျွန်မတို့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့သူတွေကို သင်ပေးမှ ကျွန်မတို့လည်း မမှားမှာ။ ဒီမိုကရေစီမှာ အရေးကြီးတဲ့ တစ်ခုက ဘာလည်း ဆိုတော့ အရှေ့ကနေပြီးတော့ လုပ်နေတဲ့သူတွေကို အနောက်ကလူတွေက ထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့် ရှိရမယ်။ အဲဒါဒီမိုကရေစီပဲ။

ပြည်သူတွေရဲ့၊ ပြည်သူတွေ ထိန်းတာကို ကျွန်မတို့တွေ ခံပါ့မယ်။ ပြည်သူမဟုတ်ဘဲ ထိန်းသိမ်းတာကို သိပ်မခံချင်ဘူး(ရယ်လျက်)။ ကျွန်မစိတ်ထဲမှာ ဘာမှ မရှိပါဘူး။

ကျွန်မထိန်းသိမ်းခံရတဲ့ နှစ်တွေအတွင်းမှာ ပေါ့နော် လုံခြုံရေး တာဝန်ယူရတဲ့သူတွေနဲ့ အများကြီး ဆက်ဆံရပါ တယ်။ သူတို့ ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ အဲတော့ ဒါကတော့ အမှန်ကို အမှန်အတိုင်း ကျွန်မပြောရမှာပါ။ ကျေးဇူးတင်ထိုက်တဲ့သူကို ကျေးဇူးတင်ရမှာပဲ။ အဲဒီလို သာမန် လုံခြုံရေး ဝန်ထမ်းတွေထဲက ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့သူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာ တကယ့်ကို ကျွန်မစိတ်ရင်းနဲ့ ပြောတာပါ။ ကျွန်မတို့ဟာ ပြည်သူ အချင်းချင်းမှာ တစ်ယောက်ပေါ်မှာ တစ်ယောက် စေတနာထားနိုင်အောင်လို့ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင် နိုင်အောင်လို့။ မြင်နိုင်စေချင်တယ်။ ဆရာတော်ကြီးတစ်ပါးက ကျွန်မ ခပ်ငယ်ငယ်တုန်းက ဟောခဲ့ တယ်။ ကျေးဇူးပြုတဲ့သူ ဆိုတာ ရှားတယ်တဲ့။ ကျေးဇူးကို သိတတ်တဲ့သူဆိုတာ ရှားတယ်ပေါ့။ ကျွန်မ အဲဒီတုန်းက ငယ်တာကိုး အဲဒီစကားကို သိပ်သဘောမတူချင်ဘူး။ ဘာလဲဆိုတော့ ဟုတ်ပါပြီ ကျေးဇူး ပြုနိုင်တဲ့ သူဆိုတာ ရှားတယ်ဆိုတာ ကျွန်မ လက်ခံတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကို ကျေးဇူး ပြုတယ်ဆိုတာ လူတိုင်းကလည်း ဒီလောက်ထိလုပ်ပေးတာမဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးသိတတ်တဲ့ သူဟာ ရှားတယ် ဆိုတာ ကျွန်မ သိပ်ပြီး လက်မခံပါဘူး။

လူပဲ၊ လူပဲပေါ့ လူဖြစ်မှ ကျေးဇူးသိရမှာပေါ့။ မဟုတ်ဘူးကွာ ငြင်းတဲ့သူက ရှိတယ်။ ကျေးဇူးသိတယ် ဆိုတဲ့ အဓိပ္ပါယ်က နောက်ကျတော့ ရိုးရိုးလေးပဲ။ အချင်းချင်းကို တန်ဖိုးထားတတ်တာပဲ။ အချင်းချင်းကို တန်ဖိုးထား တတ်လိုက်ရင် --- ဟာ နည်းနည်းတော့ သည်းခံပါဦးဟေ့ -- ခဏလေး နောက်ကထလိုက်လို့ ဘာဖြစ်သွား တာမှ မဟုတ်ဘဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ သည်းခံရမှာပဲ။ တစ်ယောက်က မတ်တပ်ထလိုက်လို့ စိတ်ဆိုးစရာ အကြောင်းမရှိဘူး။ ဒေါသ ကြီးပဲ။----- ရှေ့က ကျွန်မ မနေ့တုန်းက အိမ်ရှေ့မှာ ပြောသလိုပေါ့။ အရှေ့ကလူကလည်း အနောက်ကလူကို သိတတ်မှု၊ နားလည်မှုရှိရမယ်။ အနောက်ကလူကလည်း အရှေ့က လူကို နားလည်မှု သည်းခံမှုရှိရမယ်။ အဲဒါမှ ကျွန်မအတွက် အဆင်ပြေမှာ။ ဒီတော့ ပြည်သူတွေ အနေနဲ့ ကျွန်မ ဘယ်လိုဆက်ပြီးတော့ နိုင်ငံရေး ခရီးသွားမလဲ ဆိုတာ သိချင်လာမယ်။

(သိချင်ပါတယ်။---------- )

သိတန်သရွေ့လည်း သိမယ်။ ပြည်သူကို အားကိုးပြီး လုပ်တယ်ဆိုရင် ပြည်သူနဲ့ အမြင်ချင်း ဖလှယ်ထားရမယ်။ ကျွန်မကတော့ ဒီ--ဒီ ပြည်သူတွေကြားမှာ ကျွန်မတို့က အားလုံးကြားမှာပေါ့နော် အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ အရေးကို ကြီးတယ်။

(ထောက်ခံပါတယ်။------------------)

ကျွန်မစိတ်ထဲမှာတော့ ဘယ်သူပဲ ဘာဖြစ်လို့။ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင်လုပ်လို့မရဘူး။ ဘယ်သူနဲ့ တော့ဖြင့် စကားပြောလို့မရဘူး ဆိုတာ လုံးဝမရှိဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ရရမယ်။ စကားပြောချင်တဲ့ စိတ်ရှိရင် စကားပြောလို့ ရရမယ်။ ကျွန်မကတော့ ဒီလမ်းအတိုင်း သွားမှာပဲ။ ဒီလမ်းအတိုင်း သွားတဲ့အခါမှာတော့ ကျွန်မတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်ဆိုတာ အခု ဒီမှာ ပြောပြီးတော့ အသိပေး ကြေညာလိုက်ပြီ။

(ညီပါတယ်။--- ညီညွတ်ရေး၊ ညီညွတ်ရေး ------- )

ကျွန်မတို့ ဘာပဲလုပ်ဖို့ ဆုံးဖြတ်၊ ဆုံးဖြတ် ပြည်သူကို အသိပေးပါ့မယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့ အဖွဲ့ချုပ်နဲ့ ဒါ--- အဖွဲ့ဝင်တွေနဲ့လည်း တွေ့ပြီးတော့ သေသေချာချာ ပြောပြီးတော့ ဆွေးနွေးတာ မရှိဘူး။ ပြောပြီး ဆွေးနွေးပြီး ကျွန်မက အဖွဲ့ချုပ်တစ်ခုထဲနဲ့ လုပ်မှာ မဟုတ်ဘူးနော်။ ကျွန်မကနေပြီးတော့ ကျွန်မတို့ ဒီမိုကရေစီ အတွက် လုပ်နေတဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတွဲပြီး လုပ်ချင်တယ်။ နောက်ပြီးတော့ ပြည်သူကလဲ အဲဒီထဲမှာ ဝင်ပါ ပေးစေချင်တယ်။ တစ်ခုခု လုပ်ပြီလို့ ဆုံးဖြတ်လိုက်လို့ရှိရင် ကျွန်မတို့ ပြည်သူကို ပြောပြမယ်။ ရှင်းပြမယ်။ တစ်ခါ တစ်လေ ဆိုရင် ပြည်သူက ကျွန်မတို့ လုပ်တဲ့ကိစ္စတွေကို ပြည်သူက သဘောမတူတာလည်း ရှိမယ်။ ဒါကတော့ ဒီလိုပဲ။ လူတိုင်းတော့ တစ်သဘောတည်း မဖြစ်နိုင်ဘူး။ အဲဒီသဘောမတူတာကို လက်ခံနိုင်တာ လည်း ဒီမိုကရေစီရဲ့ သဘောတရားတစ်ခုပဲ။ ဒါပေမယ့်လည်း ကျွန်မတို့ ရှင်းပြမယ်။ ဘာဖြစ်လို့ ကျွန်မတို့ ဒီလိုလုပ်ရသလဲ။

ပြည်သူ သဘောမတူပေမယ့်လည်း ဘာဖြစ်လို့ လုပ်ရတာလည်း ဆိုတော့ ပြည်သူကို စည်းရုံး ယူရမှာပေါ့။ စည်းရုံးတယ် ဆိုတာ ဒါပဲလေ။ ပြည်သူရဲ့ ယုံကြည်မှု၊ နားလည်မှု အဲဒါကို ရအောင် လုပ်မယ်။ မဲရအောင် လုပ်တာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်မတို့ ပြည်သူတွေရဲ့ နားလည်မှု ပြည်သူတွေရဲ့ ထောက်ခံမှု အဲဒါတွေကို ရယူပြီး တော့ ဆက်လုပ်သွားမယ်။ အခုချိန်မှာ တိတိကျကျ မပြောနိုင်တာကို ကျွန်မ တောင်းပန်ပါတယ်။ ဒီအချိန်မှာ အခုပဲ ထွက်လာပြီးတော့ ဒါလုပ်မယ်၊ ဒါလုပ်မယ်၊ ဒါလုပ်မယ် ပြောတာလည်း ဒါ မစဉ်းစား၊ မဆင်ခြင်ဘဲနဲ့ ပြောတဲ့စကားလည်း ဖြစ်နိုင်တယ်။ ကျွန်မတို့ ဒီအချိုးအကွေ့မှာ ပြည်သူတွေရဲ့ အသံတွေကို အများကြီး ကြားချင်ပါတယ်။ အဲဒီအသံတွေကို နားထောင်ပြီးတော့ ရှေ့ခရီးကို ဘယ်လို ဆက်ပြီးတော့ သွားမလဲ ဆိုတာ။ သွားသင့်လဲ ဆိုတာ ကျွန်မတို့ ဆုံးဖြတ်မယ်။ ဒါပေမယ့် စောစောက ကျွန်မတို့ ပြောသလိုပဲ အရေးကြီးဆုံးဟာ ပြည်သူရဲ့ အင်အားနဲ့ ကျွန်မတို့ လုပ်မယ်။ ဒီမိုကရေစီလိုချင်တဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတို့ လက်တွဲပြီး တော့ လုပ်မယ်။ နောက်ပြီးတော့ ကျွန်မတို့ဟာ ဒီကျွန်မတို့ နိုင်ငံမှာ ရင်ကြားစေ့ရေး အတွက် ကျွန်မတို့ လုပ် သွားမယ်။ ရင်ကြားစေ့ရေးအတွက် လုပ်သွားပြီးတော့ ပြည်သူတွေ အနည်းဆုံး နာမယ့်နည်းနဲ့၊ လုံးလုံး မနာဘူးလို့ လည်း ကျွန်မမပြောနိုင်ဘူး။ ဒါက ဒီလို ကျွန်မ အာမခံလိုက်လို့ရှိရင် ဒါလည်း လာဘ်ပေးတာတစ်မျိုးပဲ။ ကျွန်မတို့နဲ့ လိုက်လို့ မနာစေရဘူး ဆိုတာ အဲဒီလိုလည်း ကျွန်မပြောလို့ မရဘူး။ နာချင်လည်း နာတာပဲ။ ကျွန်မတို့လည်း ခံရတာပဲ။ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း ခံရတာပဲ။ ဒါပေမယ့်လည်း ပြည်သူလူထု အနည်းဆုံး နာမယ့်နည်းတွေကို ကျွန်မတို့ ရှာပြီးတော့ လုပ်ပါ့မယ်။ ပြည်သူကလည်း တစ်ခါတစ်လေ နည်းနည်း အနာခံရမယ် ဆိုရင်တော့ သည်းခံပြီး အနာခံပါလို့။ ကျွန်မ အခုကတည်းက ပြောထားချင်ပါတယ်။ လိုတော့ လိုချင်ပါတယ်။ အနာတော့ မခံချင်ပါဘူး။ အဲဒီလိုတော့ မလုပ်နဲ့။

သည်းခံနေတာ ကြာပြီဆိုတော့ မဟုတ်တဲ့ဟာတွေကို သည်းခံနေတာလား။ သည်းခံသင့်တာတွေကို သည်းခံနေ တာလား။ ကျွန်မ ပြောချင်တယ်နော်။ ဟို အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ အမှားနဲ့ အမှန်ဆိုတာ တစ်ချိန်နဲ့ တစ်ချိန်နဲ့ တူတာမဟုတ်ဘူး။ အချိန်တွေ ပြောင်း သလို အခြေအနေတွေ ပြောင်းသလို အဖြေတွေကလည်း ပြောင်းနေတယ်။ ဒါပေမယ့် အဲဒီဟာကို လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့ ကိုယ့်ရဲ့ လိပ်ပြာ၊ ဒါဘယ်လိုပြောသလဲ ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ သူ မားမားမတ်မတ် ရပ်ပြီးတော့ အစစ်ခံရဲတယ်တဲ့။

(ကြိုက်တယ်၊ ကြိုက်တယ်----------)

ကျွန်မရဲ့ လိပ်ပြာခုံရုံး ရှေ့မှာလည်း နေ့တိုင်း မတ်တပ်ရပ်ပြီးတော့၊ ကျွန်မတို့ ပြည်သူတွေလဲ ဒီလိုပဲ ကိုယ့်ရဲ့လိပ်ပြာခုံရုံးရှေ့မှာ နေ့တိုင်း မတ်တပ်ရပ်ပြီးတော့ မားမားမတ်မတ် အစစ်ခံကြည့်ကြပါ။ အဲဒီလို အစစ်ခံ ကြည့်တဲ့အခါ ကိုယ်ဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နေသလား ဆိုတဲ့ အဖြေက ပေါ်လာပါလိမ့်မယ်။ အဲဒီလိုပေါ်လာလို့ရှိရင် ကျွန်မတို့ရဲ့ အင်အားတွေက အရမ်းတန်ဖိုးတက်မှာ။ အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးမှတကယ့်ကို အဖိုးတန်တာ ၊ မှန်မှန်ကန်ကန် သုံးတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့မရဘူး။ အဲဒါကိုတော့ မှတ်ထားကြမှ။ ကျွန်မတို့ ပြည်သူတွေကိုလေ ကိုယ်ချင်းစာတဲ့စိတ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့စိတ်၊ တစ်ယောက်ကို တစ်ယောက်သည်းခံတဲ့စိတ်ကလေး၊ အခုနည်းနည်း စမ်းကြည့်ရအောင်၊ နည်းနည်းစမ်းကြည့်မယ်နော်။ နည်းနည်းစမ်းကြည့်မယ် ဆိုတော့။ စမ်းကြည့်မယ်။ ဟိုဘက်ကလူတွေက မကြားရလို့ဆိုပြီးတော့ အော်နေကြတယ်။ အဲဒီတော့ ကျွန်မလည်း ပြောတာပြီးတော့မယ်။ အဲဒီတော့ ဒီရှေ့က လူတွေက ဟိုဘက်ကို နည်းနည်း ထွက်သွားပြီတော့ ဟိုဘက်ကလူတွေကို နေရာပေးပါလား။

(ပေးမယ်ဟေ့--- ပေးမယ်--------------)

------------ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်။ အင်အားတွေ မရှိရင် ကျွန်မတို့ လုပ်တဲ့ အလုပ်တွေဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အင်အားတွေကို စနစ်တကျလုပ်မှပဲ စနစ်တကျသုံးမှပဲ ထိရောက်မှာ ဒီတော့ နည်းနည်းလေး စနစ်တကျဖြစ်အောင်ဘယ်လိုလုပ်မလဲ။ ကျွန်မပြောပြမယ်။ အရှေ့ကလူတွေက မတ်တပ်ထတဲ့ အခါ နောက်ကလူတွေက စိတ်တိုကြတယ်။ အဲဒီတော့ ကျွန်မပြောချင်တာ အရှေ့ကလူတွေကလည်း အကြာကြီး မထပါနဲ့။ နောက်ကလူတွေက ခဏလောက်ထတာကို သည်းညည်း ခံကြပါ။။ ခဏထတာပဲ ဘာဖြစ်လဲ။ တစ်ချိန်လုံး ထရင်တော့ တစ်မျိုးပေါ့။

နောက်ပြီးတော့ မှာပါရစေ။ မျှော်လင့်နေရုံနဲ့ ရမှာမဟုတ်ဘူး။ လိုချင်နေရုံနဲ့ ရမှာ မဟုတ်ဘူး။ လိုချင်တာ ရအောင်ကို လုပ်တတ်မှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှ ------------------ ကျွန်မတို့ အကောင်းဆုံး နည်းလမ်းတွေ ရှာပြီး တော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားရမယ်။ ကျွန်မက အမျိုးသား ရင်ကြားစေ့ရေးကို အမြဲတမ်း ယုံကြည်တယ်။ ဒီနည်းကို သွားကို သွားရမယ် ဆိုတာ ကျွန်မယုံကြည်တယ်။ ထောက်ခံနေတဲ့ သူတွေရှေ့မှာ

(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)

ကျွန်မယုံကြည်တာ လူ့အခွင့်အရေးကို ယုံကြည်တယ်။ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်။ အဲဒါတွေ အတွက်တော့ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့၊ ဘယ်ဝါ့ကို မုန်းလို့ ဆိုပြီးတော့ လုပ်နေတာမဟုတ်ဘူး။ အဲဒီစိတ်တွေ ကျွန်မမရှိဘူး။ အချိန်လည်း မရှိဘူး။ ဒီလောကကြီးမှာ အလုပ် အများဆုံး (လက်ခုပ်သံများ-----)

အခု ကျွန်မ ထိန်းသိမ်းခံနေရတဲ့ ကာလတစ်လျှောက် ကျွန်မရဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေကပေါ့နော် ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မအပေါ်မှာ တော်တော် ကောင်းခဲ့ပါတယ်။ ဒါ ကျွန်မ အမှန်အတိုင်း ပြောတာ။ အဲဒါကိုလည်း ကျွန်မ တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့ ဒီလိုပဲ နေရာအမျိုးမျိုးမှာ ကဏ္ဍအမျိုးမျိုးမှာ ကောင်းကောင်းမွန်မွန် တစ်ယောက်ကို တစ်ယောက် ကောင်း ကောင်း မွန်မွန် ဆက်ဆံပြီး လုပ်ဆောင်သွားစေချင်တယ်။ အဲဒီလိုကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံ သလို ပြည်သူတွေအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်တယ်။

(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)

ကျွန်မလိုပဲ ပြည်သူတွေအပေါ်မှာ အကျယ်ချုပ်ချပြီးတော့ မဆက်ဆံစေချင်ဘူး

(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)

ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြည်သူတွေ အပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါလို့ ကျွန်မက မေတ္တာရပ်ခံပါတယ်။ ကောင်းမွန်တဲ့ ကိစ္စကို တန်ဖိုးထားရမယ်။ ကျေးဇူးတင်ထိုက်သူ ကို ကျေးဇူးတင်ရမယ်။ ကိုယ် မကြိုက်လို့ အားလုံး မကောင်းဘူးလို့ ပြောလို့ မဖြစ်ဘူး။ ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်။ မကောင်းတာ မကောင်းဘူး ပြောရင်လည်း စိတ်ဆိုးနေလို့ မဖြစ်ဘူး။ မလုပ်နဲ့ ။

(လက်ခုပ်သံများ မစဲ---)

လူတစ်ယောက်ရဲ့ ကျေးဇူးကို ပွဲထုတ်ရတာလောက် အင်မတန်မှ အားရစရာ ကောင်းတာ မရှိဘူး။ အင်မတန်မှ အားရစရာ ကောင်းတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ ကျွန်မက လုပ်ချင်ပါတယ်။ ကျေးဇူးတင်စရာ တွေသာ လုပ်ကြစမ်းပါ ကျွန်မက တစ်ချိန်လုံးခေါ်ပြီး ကျေးဇူးတင်နေပါ့မယ်။ အခုလည်း ပြည်သူတွေကို ကျေးဇူးတင်ရမှာပဲ။ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဗမာတွေရဲ့ သတ္တိက ကောက်ရိုးမီးလိုပဲလို့ ခဏခဏ ပြောတာ ကျွန်မ လုံးဝ မကြိုက်ဘူး။ အဲဒါဟာ ကျွန်မတို့ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီလို မဖြစ်ရဘူး။ လူဆိုတာ လူဖြစ်ကာမှ လူပီပီနေရတယ်။ လူ့သိက္ခာ ဆိုတာရှိတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘာနဲ့ စလဲဆိုတော့ လူတိုင်း၊ လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။

(လက်ခုပ်သံများ ဆူညံလျက်)

သိက္ခာကို ထိန်းသိမ်းရမယ်။ အဲဒါကို ပြောတာ။ ပြည်သူတွေအတွက်ပဲ လုပ်ပေး၊ ပြည်သူတွေ အတွက်ပဲ လုပ်ပေးလို့။ လူတိုင်း၊ လူတိုင်းဟာ ကိုယ့်တာဝန်ကို ကျေပွန်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ နိုင်ငံတိုးတက်မှာ။ ကျွန်မတို့ နိုင်ငံ မတိုးတက်လား။ တိုးတက်လားဆိုတာ။ ကျွန်မထက် ပြည်သူတွေ ပိုပြီးတော့ သိတယ်။ မတိုးတက်လို့ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ ပြောမယ့်အစား ကျွန်မတို့ အားလုံး လက်ညီတက်ညီ နဲ့ လက်တွဲပြီးတော့ တိုးတက်အောင်လို့ လုပ်နိုင်ဖို့ အခွင့်အရေးတွေ ပေးပါလို့ပဲ။ အဲဒီလိုပဲ ကျွန်မပြောချင်တယ်။

လက်ဖြန့်ပြီး တောင်းတာလဲ မကြိုက်ဘူး။ ကိုယ်ကိုယ်တိုင်လည်း လက်ဖြန့် မတောင်းချင်ဘူး။ ကျွန်မတို့ ပြည်သူကလည်း လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့ စိတ်မရှိဘူးလို့ ယုံကြည်တယ်။

(ဟုတ်ပါတယ်။ ဟုတ်ပါတယ် -------------------)

ကျွန်မတို့ တိုးတက်ရေးအတွက်၊ ကိုယ့်ရပိုင်ခွင့်တွေကို လိုချင်တယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ ကိုယ့်တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်တွေ ရအောင်လို့ ကျွန်မတို့ လုပ်ပေးရမယ်။ နောက်ပြီးတော့ အားလုံးကို လိုက်ပြီးတော့ ထမင်းဝေဖို့ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ် ဝအောင် ရှာနိုင်တဲ့ အရည်အချင်းတွေ၊ အခွင့် အလမ်းတွေ ရှိဖို့။

(လက်ခုပ်သြဘာသံများ ဆူညံလျက်)

ကျွန်မတို့ ဆက်လုပ်သွားမယ့် အလုပ်တွေဟာ ကျွန်မတို့ ဒီမိုကရေစီကို ယုံကြည်တဲ့ အစုအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင် လုပ်သွားမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုပြီး အဲဒီလို ကျွန်မတို့ ထီးထီးကြီး လုပ်သွားမှာ မဟုတ်ဘူး။ အများနဲ့ တူတူ လက်တွဲပြီးတော့ လုပ်သွားမယ်။ အဲဒီအများကို ဝန်းရံရမှာ ပြည်သူပဲ။ ပြည်သူတွေ မဝန်းရံဘဲ ကျွန်မတို့ ဘာမှ လုပ်လို့မရဘူး။ ပြည်သူတို့ အကူအညီကိုလိုလို့ ကျွန်မတို့ တောင်းတယ်။ တောင်းတဲ့ အခါကြရင် ကျွန်မတို့ အပေါ်မှာ ယုံယုံကြည်ကြည် လိုလိုလားလားနဲ့ ဒီအင်အားတွေနဲ့ ပံ့ပိုးပေးပါလို့။ အခုကတည်းကနေ မေတ္တာရပ်ခံထားပါတယ်။ အဲဒီတော့ အားတွေမွေးထား။ ထမင်းများများစားထားလို့ ပြောရမှာလည်း အားနာတယ်။ ထမင်းသိပ်မရှိဘူးဆိုရင် ဘယ်လို ပြန်ဖြေရမလဲလို့။ အားတွေ မွေးထားကြ။ ကိုယ်ကိုကိုယ် --- စိတ်အားရော၊ ခန္ဓာကိုယ်အားရော မွေးထားကြ။ အဲဒီအားတွေနဲ့ ကျွန်မတို့ အတူတူ လက်တွဲပြီးလုပ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီး လုပ်ကြပြီဆိုလို့ရှိရင် ပန်းတိုင်ကို ရောက်အောင် ကျွန်မ ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော်။ ကျွန်မတို့ လူတွေထဲမှာ ပန်းတိုင်ရောက်တဲ့ဟာကို မမြင်လိုက်ရတဲ့သူတွေ အများကြီးပဲ။ ဒါပေမယ့် ဒီမှန်ကန်တဲ့ ပန်းတိုင်ကို ရည်မှန်းပြီး လျှောက်သွားရတယ်ဆိုတဲ့ ဘဝတစ်ခုရဲ့ တန်ဖိုးက ဘယ်လိုမှ ဖြတ်လို့ မရဘူး။ လူတိုင်းက အနိစ္စသဘော မကင်းပါဘူး။ တစ်နေ့ကျ ကိစ္စပြီးသွားမှာပဲ။ ဒါပေမယ့် မပြီးခင် အချိန် အတွင်းမှာ အနည်းဆုံး ကိုယ်ဘယ်လို နေခဲ့တယ်။ ထိုင်ခဲ့တယ်ဆိုတာ သိကြဖို့။ ကျွန်မတို့ တွေ့တုန်းမှာ ကျွန်မတို့ရဲ့ ကွယ်လွန်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒီမိုကရေစီရဲဘော်ရဲဘက်တွေ ကို ကျွန်မ ဂုဏ်ပြုချင်တယ်။ အခု အထိပြင်းပြနေကြတဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုချင်တယ်။ အားလုံး အမြန်ဆုံး လုပ်နိုင်ပါစေလို့ ကျွန်မတို့ ပြည်သူတွေက ဝိုင်းပြီး ---------
(လက်ခုပ်သံ သြဘာသံများ အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုသော အသံများ မစဲတော့ပေ။)

ပြီးပါပြီ။ ။

(မှတ်ချက်။ ။ ပရိသတ်များ၏ သြဘာသံများ၊ လက်ခုပ်သံများ၊ အသံကူးယူမှု ချို့ယွင်းချက်များကြောင့် စာသားအဖြစ် ပြောင်းလဲရေးသားရာတွင် အကျအပေါက်အချို့ ကျန်ရှိနိုင်ပါကြောင်း ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။

About Me

Not Diffrence From All Of Yours,,,